ယဲ့ချို ဂူထဲကို၀င်လိုက်တာနဲ့ သူ့မွေးအဖေနဲ့ သူရဲ့ ညီက တံခါးအကွယ်နားမှာမတ်တပ်ရပ်နေတာကိုတွေ့လိုက်ရတယ်။ကြည့်လိုက်တာနဲ့သူနဲ့ဇီလီရဲ့စကားတွေကိုခိုးနားထောင်နေတယ်ဆိုတာကို သူသိလိုက်တယ်။
ယဲ့ရန်ကသူကို မြင်တော့ အနားကိုရောက်လာပြီး သူ နားကပ်ပြီး တိုးတိုးလေးမေးလာတယ်။သူ့ရဲ့မျက်လုံးတွေနဲ့အမူအရာတွေက ခုနကသူနဲ့ဇီလီရဲ့ကိစ္စကိုသိချင်နေတဲ့ပုံစံဖြစ်နေတယ်။"အကို အကို ဇီလီပြန်သွားပြီလား"
ယဲ့ချိုရဲ့မျက်ခုံးတွေကတွန့်ချိုးသွားပြီး သူညီကိုအဓိပ္ပါယ်ပါပါနဲ့စိုက်ကြည့်လိုက်ကာလည်ချောင်းသံနဲ့ပဲအတည်ပြုလိုက်တယ်။
"အမ်"
" ယဲ့ချို သား ခုနက ဇီလီနဲ့ပြောတာတွေကအမှန်ဘဲလား ။ ဇီလီနဲ့မိတ်ဖက်ဖို့ကတိကိုတကယ်ဖျက်လိုက်ပြီးလား။"
အဖေယဲ့က ၀မ်းသာအားရနဲ့မေးလိုက်တော့ ယဲ့ချိုကခေါင်းငြိမ့်ပြလိုက်တယ်။ဒီကတိကိုသူမွေးအဖေနဲ့ညီကလည်းသိထားတာဖြစ်တယ်။"အဖေအရမ်း၀မ်းသာတာဘဲ။ဒီလိုမျိုးနဂိုတည်းကဖြစ်ရမှာ။အဖေ သားကိုပြောပါတယ် ဇီလီက သားရဲ့မိတ်ဖက်ဖော်ဖြစ်ဖို့မသင့်တော်ပါဘူးလို့။ငါ့သားလိုချောမောလှပတဲ့လူက အဲ့ထက်ပိုမြှင့်တာနဲ့ဘဲထိုက်တန်တယ်။"
အဖေယဲ့က ယဲ့ချိုကတိဖျက်လိုက်တာနဲ့ပတ်သတ်ပြီးအရမ်း၀မ်းသာနေခဲ့တယ်။"အဖေပြောတာမှန်တယ်အကို။အကိုက သူရဲကောင်းလိုသားရဲလူသားနဲ့မှလိုက်ဖက်တာ ။ အကိုဇီလီလိုမျိုးနဲ့လုံး၀မလိုက်ဖက်ဘူး"ယဲ့ချိုကလည်းသူအဖေရဲ့စကားကို၀င်ထောက်ခံလိုက်တယ်။
ယဲ့ချို သူအဖေနဲ့ သူညီရဲ့စကားတွေကြောင့်ခေါင်းပိုမူးလာခဲ့တယ်။ဇီလီကြောင့်သူတစ်ကိုယ်လုံးနာကျင်နေတယ်။ဒါကြောင့်အနားယူမယ်ဆိုပြီးသူဂူထဲကို၀င်လာခဲ့တယ်။သူအဖေနဲ့သူညီက သူ့ကိုမိတ်ဖက်နဲ့အတူနေဖော် မရှာခိုင်းတာဘာကြောင့်ဆိုတာကိုသူသိတယ်။သူသာ သားရဲလူသားတစ်ယောက်ယောက်နဲ့အတူနေခဲ့ရင် ဒါမှမဟုတ် မိတ်ဖက်ဖြစ်ခဲ့ရင် ထိုသားရဲလူသားကသူကိုဘဲရှာဖွေကျွေးမွေးမှာဖြစ်ပြီး သူ့ရဲ့မိသားစုမပါပေ ။ဒါကို သူမွေးအဖေနဲ့ညီကကြောက်နေခဲ့တာဖြစ်တယ်။
.......
YOU ARE READING
🦊မြေခွေးငပျင်းလေးနဲ့ သူ့ရဲ့ဒယ်ဒယ်နဂါးကြီး🐉🐉
Adventureလူသားမျိုးနွယ်စွမ်းအားရှင်တစ်ယောက်ဖြစ်တဲ့ တရန်ဟာ အိပ်နေရင်းနဲ့ ကျောက်ခေတ်ကို ဝိညာဉ်ကူးပြောင်းသွားခဲ့ရတယ်။သူလန့်နိုးလာတော့သူကမြေခွေးတစ်ကောင်ဖြစ်နေခဲ့တယ် ။သူကမျိုးနွယ်စုကိုအန္တရာယ်ပေးနိုင်တယ်လို့ သားရဲနတ်ဘုရားက နိမိတ်ပြတာဆိုပြီးမျိုးနွယ်စုက စွန့်ပစ်...