Unicode
ဝမ်ရိချန် ရှောင်းကျန့်ကို မုန်းတယ်။ ဒါအမှန်တရားပဲ။ မေမေနဲ့ ဦးလေးဝမ် ဆုံးသွားပြီးကတည်းက ဝမ်ညီအစ်ကိုနဲ့ သူ့ကြားမှာ အမုန်းတရားတွေ ရုတ်တရက် ပေါ်ပေါက်လာတယ်။ ဝမ်ရိချန်က ဟန်မဆောင်တတ်တော့ဘူး။
"ရှောင်းကျန့် !!"
အော်သံတစ်ခုကြောင့် ခေါက်လက်စအဝတ်တွေကို ပစ်ချပြီး ရှောင်းကျန့်ပြေးလာခဲ့တယ်။ ကြမ်းပြင် ပြန့်ကျဲနေတဲ့ ဟင်းတွေ နဲ့ အစိတ်စိတ်အမြွှာမြွှာကွဲကြေနေတဲ့ ပန်းကန်စတွေ ။ ဝမ်ရိချန်က သူ့ကိုဒေါသထွက်ပြန်ပြီ။
"မင်းအသုံးကိုမကျဘူး ဟင်းတွေက တစ်စက်မှအရသာမရှိဘူး"
"ကျွန်တော်တောင်းပန်ပါတယ်"
"မင်းအလုပ်တွေကို ဘယ်လိုလုပ်နေတာလဲ ဟမ်? မင်းသေချင်နေပြီလား"
"မဟုတ်ပါဘူး ကိုကြီးဘာစားမလဲ ကျွန်တော်ပြန်ချက်ပေးမယ်"
"အခုမှဘာမှလာပြောမနေနဲ့ မင်းအပြစ်မင်းသိရင် ဧည့်ခန်းထဲလက်မြှောက်ပြီး ဒူးထောက်နေ"
သူငိုတာကို ဝမ်ရိချန်က အရမ်းမုန်းတယ် ။ ဝမ်ရိချန်က သူ့အမေယူထားတဲ့ ဦးလေးဝမ်ရဲ့သားကြီး ။ မေမေ့ရဲ့ပိုင်ဆိုင်မှုတွေနဲ့ ဖေဖေ့ရဲ့အမွေတွေအားလုံး ဦးလေးဝမ်လက်လွှဲယူလိုက်ပြီး မကြာခင်မှာပဲ မေမေ နဲ့ ဦးလေးဝမ် ဆုံးသွားခဲ့တယ်။
"ဘာလုပ်နေတာလဲ ရှောင်းကျန့် ! ဒါတွေသိမ်းပြီး ဝေးဝေးသွားစမ်းပါ ။ မင်းလိုကောင်မျိုးကိုကျောင်းထားပေးတာတောင် ကံကောင်း ! ဘာမှသုံးစားမရတဲ့ကောင်"
"ကျွန်တော် တောင်းပန်ပါတယ်"
အံကိုကြိတ်ပြီး တောင်းပန်စကားကိုသာ သူ အထပ်ထပ်ပြောရတယ်။ ရှောင်းကျန့် ဝမ်ရိချန်ကို သိပ်မုန်းတယ် ။ သူ့ရဲ့ပိုင်ဆိုင်မှုတွေကို လုယူသွားပြီး အိမ်ရဲ့အရှင်သခင်နေရာ တက်ထိုင်နေတဲ့ ဝမ်ရိချန်ကို သူသိပ်မုန်းပါတယ်။
"ကိုကြီး .. ကိုကို .. ဘာဖြစ်နေကြတာလဲ"
"ပြန်လာပြီလား ရိပေါ် .. ဒီကောင်လက်ကြောမတင်းလို့ဆုံးမနေတာ"
YOU ARE READING
𝐓𝐇𝐎𝐑𝐍
Fanfiction⚠️This fiction may include mature contents . Abuse Type Read at your own risk.