6.

1.7K 116 10
                                    

6.

6.

     ရိပေါ်ဆေးရုံကဆင်းလာခဲ့ပေမယ့် သွားစရာနေရာမရှိတဲ့အတွက် အရင်အိမ်မှာပဲ ပြန်နေဖြစ်တယ်.
သနားဖို့ကောင်းတဲ့ ရိပေါ်က ဝမ်ရိချန်းကိုတော့ မှတ်မိနေတုန်းပဲ .
ဝမ်ရိချန်းက သူ့အပေါ်ကောင်းခဲ့တာတွေပဲ သိတဲ့ ကောင်လေးက ဝမ်ရိချန်းစကားကိုတော့နားထောင်တယ်.

"အဖြစ်မှန်ကိုသိသွားပြီဆိုတော့ ငါလည်းမင်းကို နှိပ်စက်ချင်ယောင်ဆောင်စရာမလိုတော့ဘူးပေါ့"

"ကျွန်တော် ရိပေါ်ကိုခေါ်ပြီးထွက်သွားမှာ . ခင်ဗျားတို့ကိုလည်း ရိပေါ်ခံစားသလို ပြန်ခံစားစေရမယ်"

"အင်း လုပ်လိုက်လေ"

      ဝမ်ရိချန်းက စိန်ခေါ်တဲ့လေသံမျိုးနဲ့ ပြောသွားတာတော့ မဟုတ်ဘူး . သူနဲ့ ဝမ်ရိချန်းက ညီအစ်ကို ဖြစ်ပြီး အသက်ငါးနှစ်အရွယ်မှာ ဝမ်ဥက္ကဌက မေမေ့ဆီကနေ ဝမ်ရိချန်းကို လုယူသွားခဲ့တာတွေ . ဝမ်ဥက္ကဌရဲ့ ဇနီးက ဝမ်ရိချန်းကို သားလို့မသတ်မှတ်ဘဲ နှိပ်စက်တာတွေ . သူသိထားတဲ့အတွက် သတ်ပစ်ချင်တဲ့ စိတ်တွေကို လျှော့ထားရတယ် ။

"ကိုကြီး ကျွန်တော်ကျောင်းမသွားချင်ဘူး ကျွန်တော့်ကိုကျောင်းမလွှတ်ပါနဲ့နော် ကြောက်တယ် ကျောင်းကိုကြောက်တယ်"

"အင်းပါ . မနက်စာစားပြီးပြီလား"

      သူအပြင်ထွက်လာတာနဲ့ ဝမ်ရိချန်းဆီပြေးသွားတဲ့ ရိပေါ်ကိုတွေ့လိုက်ရတယ်
ဘာအကြောင်းအရာမှမသိတဲ့ ဦးလေးမင်နဲ့ အိမ်တော်ထိန်းကတော့ ဝမ်ရိပေါ်နဲ့ ဝမ်ရိချန်းကိုငေးလို့.

"မစားရသေးဘူး ကိုကြီးကိုစောင့်နေတာ"

"ကိုကြီးမစားချင်သေးဘူး . ရိပေါ်ပဲစားလိုက်နော်"

"ကိုကို့ကိုမရိုက်ပါနဲ့နော် ကိုကြီး ကိုကို့ကြောင့်ကျောင်းမသွားချင်တာမဟုတ်ပါဘူး ကိုကို့ကြောင့်မဟုတ်ပါဘူး"

       သူ့အတွက် . သူ့ကိုမရိုက်ဖို့ တောင်းပန်နေတဲ့ ဝမ်ရိပေါ် . ဒီမြင်ကွင်းက သိပ်ကိုနာကျင်စရာကောင်းလွန်းတယ် .
ဘာအပြစ်မှမရှိလည်း သူလုပ်သမျှ ခံခဲ့တဲ့ ဝမ်ရိပေါ်ကို ပြန်တွေးမိတော့ နှလုံးသားကို တစ်ခုခုက ဆွဲဆုတ်ထားသလိုပဲ .

𝐓𝐇𝐎𝐑𝐍Where stories live. Discover now