ပြိုလဲယိုင်နဲ့နေတဲ့ သူ့ဘေးနားမှာ ဘယ်သူ့မှ မရှိဘူး . သူ့ခမျာနွေးနွေးထွေးထွေးနေချင်ရုံလေးပါပဲ . ဘယ်သူ့ကိုမှ မနှောက်ယှက်မိဘဲ အမုန်းတွေသာခံခဲ့ရတယ်.
မေမေ့ကိုသူသတိရတယ် . ပြီးတော့ဖေဖေ။"ကိုကြီးကနားလည်ပေးမယ်ထင်ခဲ့တာ"
သူရေရွတ်ရင်း တဟားဟား အော်ရယ်ပစ်လိုက်တယ် . သူ့ကိုချစ်တယ်လို့ ထင်ခဲ့တဲ့ ကိုကြီးကလည်း သူ့ကိုနားလည်မပေးနိုင်ခဲ့ပြန်ဘူးပဲ။
"ကိုကြီးသာကိုကို့မေမေကိုမသတ်ခဲ့ရင်ကောင်းမှာပဲ"
ကျောင်းထုတ်ခံထားရတဲ့ စာရွက်ကလည်း သူ့လက်ထဲမှာ ကြေမွနေပြီ . ကျောင်းသားတွေရဲ့ ရွံရှာတဲ့အကြည့်တွေ . သူကြားအောင် တမင်ပြောသွားတဲ့စကားတွေ . သူမခံချင်ဘူး . အရာအားလုံးနဲ့ဝေးတဲ့နေရာကိုထွက်ပြေးချင်တယ်။
"ဟက် ! ရှောင်းကျန့်ကိုအမြဲပျော်ပျော်ကြီး နှုတ်ဆက်နေတဲ့ကောင်က မပျော်နိုင်တော့ဘူးလား"
သူ့ခေါင်းပေါ်ကျလာတဲ့ အကိုကျိရန်လက်ထဲမှ အအေးတွေ . ပြီးတော့ သူ့ရဲ့ သူငယ်ချင်းဖြစ်တဲ့ ဝေလုံက လှောင်ပြုံးပြုံးရင်းကြည့်နေပြန်တယ်.
"အကိုရှောင်းကျန့်ကိုမင်းလုပ်ခဲ့သမျှ ပြန်နာကျင်စေရမယ်"
"တော်ပါတော့!"
သူအော်ဟစ်ပစ်လိုက်ပေမယ့် ပိုပြီးဟားတိုက်တဲ့ အသံတွေပဲကြားလာရတယ် . သူ့ကိုညီလေးတစ်ယောက်လိုချစ်တဲ့လူတွေဆီက နှိပ်စက်မှုတွေနဲ့အတူ သူနဲ့ငယ်ပေါင်းကြီးပေါ်သူငယ်ချင်းဆီက လှောင်ပြုံးတွေ ။
"မင်းအကိုလည်းမင်းဘက်မှာမရှိတော့ဘူး"
"မင်းလိုအရှက်မရှိတဲ့ကောင်ကို အမွေဖြတ်ကြောင်းကြေညာလိုက်ပြီဆိုတော့ မင်းက အိမ်ရဲ့အခွင့်ထူးခံလူတန်းစား ဘယ်ဟုတ်တော့မလဲ"
"အမွေတွေအပိုင်သိမ်းဖို့အတွက် ရှောင်းကျန့်ရဲ့အမေကိုပေါင်းသတ်ခဲ့ပြီးမှ မင်းအကိုကပဲ လက်ဝါးကြီးအုပ်သွားတော့ဘယ်လိုခံစားရလဲ ဟက်"
သူဆက်နေနေရင် ဒီနားမှာပဲ သတ်သေမိလိမ့်မှာ စိုးတယ်။ အကိုကျိရန်တို့နဲ့အဝေးဆုံးနေရာတစ်ခုဆီပြေးလာရင်း ကျောင်းဝန်းတစ်နေရာမှာပဲ သူပြန်ပိတ်မိသွားခဲ့ရပြန်တယ်။
YOU ARE READING
𝐓𝐇𝐎𝐑𝐍
Fiksi Penggemar⚠️This fiction may include mature contents . Abuse Type Read at your own risk.