Unicode
ရှေ့နေစုန့်ရှေ့မှာ လက်ထပ်စာချုပ်ကို လက်မှတ်ထိုးတော့ ရိပေါ်က သူ့ဘေးမှာ ကျုံ့ကျုံ့လေးထိုင်နေလေတယ်.
"အန်ကယ်မယုံလည်း ကျွန်တော်တို့က သူငယ်ချင်းတွေကြား လူသိရှင်ကြားတွဲခဲ့တဲ့ ချစ်သူတွေပါ"
"ဒါပေမယ့် ဒီကလေး စိတ်အခြေအနေနဲ့ .. "
"ဝမ်ရိပေါ် ကိုကို့ကို ဘာလို့လက်ထပ်တာလဲ"
"ရိပေါ် ကိုကို့ကို ချစ်လို့ပါ"
ရှေ့နေစုန့်က မျက်နှာကွက်ခနဲ ပျက်သွားတယ်။ ပြီးတော့ စုန့်ဝေလုံရောပဲ။
ရိပေါ်ကတော့ သူသင်ပေးထားတဲ့အတိုင်းလေး ဖြေပြီး သူ့ကိုမဝံ့မရဲ လှမ်းကြည့်ရှာတယ် ။
အရင်ကအတိုင်း ချစ်ဖို့ကောင်းနေတဲ့ ကောင်လေးကို သူ့ဘေးနားပိုရောက်စေဖို့ ခါးလေးကနေ ဆွဲဖက်လိုက်တော့ ကိုယ်သေးသေးလေးကတွန့်ခနဲ ။"ဝမ်ရိပေါ် ရရမယ့်အမွေအားလုံးကို ဝမ်ရိပေါ်နာမည်နဲ့ပဲထားပြီး ကျွန်တော်ထိန်းသိမ်းမယ် .. အခု ကျွန်တော်က သူ့ယောက်ျားပဲ .. သူစိတ်အခြေအနေ ကောင်းလာရင်တော့ သူ့ကို ကျွန်တော်ကပဲ အစစအရာရာ သင်ပေးသွားမယ်"
"မင်းကို ဘယ်လိုယုံရမှာလဲ"
"ဝမ်ရိပေါ် ကိုကို့ကို ယုံလား"
"ရိပေါ် ကိုကို့ကို ယုံပါတယ်"
သူ့အား မော့ကြည့်လာတဲ့ မျက်ဝန်းနက်နက်ကလေးတွေမှာ မျက်ရည်စလေးတွေနဲ့ ။
လူတွေလေးငါးယောက်လောက်ရှိနေတာကြောင့် ရိပေါ်ပုံစံကအဆင်မပြေတော့ပုံပေါ်တယ် ။ သူ့အင်္ကျီအစနားလေးကို လက်ကလေးနဲ့ ဆုပ်ကိုင်ထားတာလေးကလည်း အသည်းယားစရာ ။
ဝမ်ရိပေါ်လေးက သူ့ကိုခဏခဏပြုစားနေတော့တာပါပဲ ။
အရင်ကလည်း ချစ်တယ် ။ အခုလည်းချစ်တယ် ဝမ်ရိပေါ်လေးကို ရှောင်းကျန့်က တစ်ဘဝစာမက ချစ်နေဦးမှာ ဖြစ်တယ်။"လက်ဗွေနှိပ်လိုက် ရိပေါ်"
"ဟင် "
"ဒါက ကလေးပိုင်ဆိုင်ရမယ့်ဟာတွေပဲ .. ဒီလို လက်မလေးကို မှင်မှာတို့ပြီး ဒီနေရာလေးမှာ နှိပ်လိုက်"
"ဟုတ် "
လိမ္မာတဲ့ ဝမ်ရိပေါ်လေးက သူပြောတဲ့အတိုင်း လက်ဗွေလေးကို အတွန့်အဆုတ်မရှိ နှိပ်ရှာတယ်။ ပါးလေးတစ်ဖက်ကို ရွှတ်ခနဲမွှေးလိုက်တဲ့အခါလည်း မျက်နှာလေးတွေနီလို့ ရှက်ပြန်ပါသေးတယ် ။
မကြာခင်တော့ ဒီကလေးလေးနဲ့ လက်ထပ်ပွဲ အကြီးကြီးတစ်ခုလုပ်ဖို့လည်း ရှောင်းကျန့်စီစဉ်ထားတယ်။
အခုလက်ရှိက ရိပေါ်ရဲ့ အမွေတွေကို အချိန်မှီ ကာကွယ်ဖို့ ။
YOU ARE READING
𝐓𝐇𝐎𝐑𝐍
Fanfiction⚠️This fiction may include mature contents . Abuse Type Read at your own risk.