Unicode
ကိုကို့ရဲ့ အငြိုးအတေးတွေကြောင့် နုံးချိခဲ့ရတဲ့ ခန္ဓာကိုယ်ကို ရေပတ်တိုက်ပြီး အခန်းရှေ့က ဝရံတာမှာပဲ ငေးငိုင်စွာ ထိုင်နေမိတယ် ။
သူ ကိုကို့ကို သူမကြောက်ဘဲ သူ့ကြောင့်ကိုကို အရိုက်ခံရမှာကိုပဲ ကြောက်ပါတယ်။
ကိုကို့နှုတ်ခမ်းရဲ့ အငွေ့အသက်လေးတွေ ကပ်ကျန်နေခဲ့တဲ့ ဆေးလိပ်အတိုအစလေးတွေဟာ ရိပေါ်လိုပဲ ကိုကို့ဆီက အစွန့်ပစ်ခံလေးတွေ ။"ဟက် "
အစွန့်ပစ်ခံလို့ တွေးမိတော့ ရိပေါ် ခြောက်ကပ်ကပ် ရယ်မိသွားတယ်။ နေရောင်ခြည်ရဲ့ အလင်းကလည်း သူထိုင်နေတဲ့ နေရာကနေ အခန်းကို တဖြည်းဖြည်း တိုးဝင်နေဆဲ။
သူ့ရင်ထဲကို စိုက်ဝင်နေတဲ့ ကိုကို့ကို ချစ်တဲ့ အချစ်တွေလိုပေါ့။
ဆူးတွေ . သူ့ရင်ထဲက ပြန်နုတ်မရတဲ့ဆူးတွေ ။
နုတ်လို့ရနိုင်ရင်တောင်မှ ရိပေါ်ကိုယ်တိုင်က ဘယ်တော့မှ ပြန်မနုတ်ချင်တော့မယ့် ဆူးတွေ ။
နာကျင်ရပေမယ့် သူသိပ်ပျော်တယ်။"ရိပေါ် . နိုးပြီလား"
"နိုးပြီ ကိုကြီး "
ကိုကြီးရဲ့ တံခါးအပြင်ဘက်မှ ခပ်ကျယ်ကျယ်အသံကို သူပြန်ပြီး တုံ့ပြန်လိုက်တယ်။ ကိုကြီးက လောဘကြီး လွန်းတဲ့ သူ ။ သူတို့ ဆင်းရဲမနေတာတောင် ကိုကို့ရဲ့အမွေတွေကို လုယူထားတဲ့လူ ။
ကိုကြီးရဲ့ လောဘမီးတွေကို လောင်ကျွမ်းရတာက ရိပေါ်ပါပဲ ။
ကိုကိုသောက်ပြီးပစ်ခဲ့တဲ့ စီးကရက်အတိုလေးကို ဘူးထဲထည့်သိမ်းရပါသေးတယ်။ ကိုကို့ဆီက ရရှိတဲ့ အပိုင်းအစတိုင်းက သူ့အတွက် တန်ဖိုးထားရာ ။"မင်္ဂလာ နံနက်ခင်းပါကိုကြီး"
"အင်း ရိပေါ် ထိုင် "
စားပွဲဝိုင်းပေါ်မှာ ရှိတဲ့ နွားနို့နဲ့ ပေါင်မုန့်မီးကင်ဟာ ကိုကို လုပ်ထားတာဖြစ်တယ်။ ဒါပေမယ့် ကိုကိုက မနက်စာဝိုင်းမှာ သူတို့နဲ့ ထိုင်စားခွင့်မရှိဘူး။
သူတကယ်ကို နာကျင်ရပါတယ်။ အိမ်အကူတွေရဲ့ ရွံရှာနေတဲ့ မျက်ဝန်းတွေကြောင့်လည်း မဟုတ်သလို အိမ်တော်ထိန်းရဲ့ မုန်းတီးစက်ဆုပ်နေတဲ့ မျက်နှာကြောင့်လည်းမဟုတ်ဘူး။
ထမင်းစားခန်းရဲ့ ထောင့်လေးမှာ ရပ်ပြီး ပေါင်မုန့်အလွတ်ကို ကိုက်စားနေတဲ့ ကိုကို့ကြောင့် သူ့ရင်တွေ ကွဲမတတ်နာကျင်ရတယ်။
ကိုကိုက ဒီအိမ်ရဲ့ အရှင်သခင် ။ ကိုကို့မှာ ဒီစားပွဲမှာ ထိုင်စားဖို့ အခွင့်အရေးအပြည့်ရှိသင့်တယ်။
YOU ARE READING
𝐓𝐇𝐎𝐑𝐍
Fanfiction⚠️This fiction may include mature contents . Abuse Type Read at your own risk.