☄✨2✨☄

457 40 1
                                    

Unicode

ပြတင်းပေါက်ကို ဖြတ်ပြီး ဝင်လာသော

မနက်ခင်းနေရောင် ကြောင့်ji နိုးလာခဲ့သည်။

စားပွဲမှနာရီကြည့်တော့ ၈နာရီထိုးပြီ။

အလုပ်နောက်ကျနေပြီ ဟူသောအသိကြောင့်

အိပ်ယာမှ ကုန်းရုန်းထထိုင်လိုက်သည်။ရေချိုးခန်းမှ

ရေကျသံကြား၍ မိမိဦးနှောက်ကို အမြန်အလုပ်ပေးရ

သည်။မဂ်လာဆောင်ကြောင့် ခွင့်တစ်ပတ်ရထားတာ

သတိရမှ ji လေပြင်းတစ်ချက်မှုတ်ထုတ်မိသည်။

💫 ညကသောက်ထားတာဆိုတော့
ခေါင်းကိုက်နေမှာပဲ။💫

အမူးပြေဟင်းရည် ချက်ပေးရန် နံဘေးခန်းမှ

ရေချိုးခန်းထဲဝင်ပြီး မျက်နှာသစ်ကာ အောက် ထပ်ရှိ

မီးဖိုခန်းထဲ ဝင်လာခဲ့သည်။သူမရော ji ပါ တစ်စိမ်းနဲ့

နေရတာမကြိုက်တာမို့ အိမ်အကူမခေါ်ဖြစ်ကြ။

အဲဒီအစား ommar အိမ်က အဒေါ်ကြီးအား

တစ်ပတ်တစ်ခါအိမ်သန့်ရှင်းရေးလုပ်ပေးရန် မှာထား

သည်။ဒါအပြင် နှစ်ယောက်စလုံး အလုပ်ရှုပ်ကြတဲ့

သူတွေမို့ အိမ်မှာနေဖြစ်ချိန်လည်း ရှားမည်။ခြံစောင့်

ဦးလေးကြီးရှိတာမို့ အိမ်လုံခြုံအတွက်လည်း

မပူရတော့ဘူးပေါ့။

မနက်စာပြင်ပေးပြီး အခန်းဆီပြန်လာတော့ သူမက

အလုပ်သွားဖို့တောင် ပြင်ဆင်ပြီးပြီ။လက်မှာ

ဂျူတီကုတ်ကို ချိတ်ရင်း ji ကို မြင်တော့...

'unnie  ည ကအတွက် တောင်းပန်ပါတယ်.သောက်တာ နည်းနည်းများသွားတယ်.ပြီးတော့....'

'အင်း ရပါတယ်.'

သူမ အဝတ်အစားတွေ လဲ ပေးထားတဲ့

အကြောင်းပြောမှာစိုး၍ စကားဖြတ်ပြောလိုက်ခြင်း

ဖြစ်သည်။

'ဟို... ညကျရင် chae ဟိုဖက်ခန်းမှာ သွားအိပ်ပါ့မယ်။.
unnie ဒီအခန်းယူလိုက်ပါ။ chae နံဘေးခန်းမှာပဲ နေလိုက်တော့မယ်။chae နဲ့ဆို unnie နေရတာ မလွတ်လပ်မှာစိုးလို့ '

ချစ်ခြင်းဟူသည်...(CHAESOO)Where stories live. Discover now