☄✨6✨☄

285 38 0
                                    

Unicode
,. .................

' မလျော့နိုင်ဘူး unnie. ..!!!

jen ခံစားချက်တွေကို unnie နားမလည်ပါဘူး...ထားလိုက်တော့.... jen အဲဒါတွေ အခု မပြောချင်ဘူး.

chae ခုန က ပြောတော့ unnie ကို ပေးစရာ ရှိလို့ဆို.'

jen အဲတာတွေ ဆက်ပြောနေရင် ဒေါသ မထိန်းနိုင်ဘဲ ဆက်အော်မိမှာကြောင့်လို့.. jen ကို ကြောင်ကြည့်နေသော
chae ဖက်လှည့်ပြီး စကားလမ်းကြောင်းလွှဲလိုက်
သည်။အိမ်တွင်းရေးကို သူစိမ်းတစ်ယောက်ရှေ့မှာ မပြောချင်လို့လည်းပါသည်။

jen စကားလမ်းကြောင်းလွှဲလိုက်မှ young နံဘေးရှိနေတာ သတိထားမိပြီး jen ကို အားနာသွားရသည်။အိမ်တွင်းရေးကို သူစိမ်းရှေ့မှာ ပြောလိုက်မိသည်မလား။ jen ကို yoona unnie နဲ့ အဆင်ပြေစေချင်တာမို့ ji စကားစရတိုင်း ဖြောင်းဖြနေကြ ဖြစ်သည်။
young ကို ကြည့်လိုက်တော့ jen ကို အံ သြ သလို ကြောင်ကြည့်နေသည်။ သူကြည့်ရတာ jen စိတ်တိုတာ တစ်ခါမျှ မမြင်ဖူးသလို...

jen unnie ကို chae အလုပ်သင် နောက်ဆုံးနှစ်မှာ သိခဲ့သည်။ အခု ကျ နေတဲ့ L Hospital မှာပေါ့။

chae ပထမဆုံး အလုပ် စဆင်းတဲ့နေ့မှာ အရေးပေါ် လူနာအား CPR ပေးနေသော unnie ကို chae မြင်
မြင်ချင်း ကြွေသွားခဲ့သည်။

လူနာတွေကို အပြုံးချိုချိုနဲ့ ဆက်ဆံ သလို chae ကိုလည်း လိုလိုလားလား ပြုံးပြတတ်သော unnie ဟာ chae .crush ဖူးတဲ့ ပထမဆုံးသူလည်း ဖြစ်သည်။

unnie ရဲ့ လက်အောက်မှာ အလုပ်သင်လုပ်ရင်း မနက်ခင်းတိုင်း unnie အတွက် ကော်ဖီဝယ်ပေးတဲ့ အလုပ်တစ်ခုပါ chae တာဝန်ယူခဲ့သည်။ unnie ရဲ့
လိုအပ်ချက်တွေ unnie တောင်းဆိုချက်မပါဘဲ ဖြည့်စီးပေးရင်း unnie အနားမှာ နေခွင့်ရတော့ chae မိဘတွေကို ဆန်ကျင့်ပြီး ရွေးချယ်ခဲ့သော ဒီဆရာဝန် အလုပ်ကို ပိုနှစ်သက်လာခဲ့သည်။

unnie နဲ့ ရင်းနှီးလာတာ သုံးနှစ်လောက် ရှိပြီ ဆိုပေမဲ့
unnie ဒေါသထွက်ပြီး အော်တာကို တစ်ခါမှ မတွေ့ဖူး။အလုပ်မှာ ဒေါသထွက်စရာ ကိစ္စတွေကိုတောင် စိတ်အေးအေးထားပြီး ဖြေ ရှင်း တတ်သော unnie ဟာ
chae လေးစားအားကျရဆုံး သူတစ်ဉီးဖြစ်သည်။

ချစ်ခြင်းဟူသည်...(CHAESOO)Where stories live. Discover now