💫☄8☄💫

740 45 25
                                    

Unicode

'အင်....အီး...'

ji လက်နှစ်ဖက်ကို ယှက်ကာ အပေါ်သို့မြှောက်တင်လိုက်ပြီး အကျောဆန်လိုက်သည်။ဆောင်းတွင်း နှစ်ကုန်ပိုင်း ရောက်လာပြီး comeback တွေ show ပွဲတွေ ပြင်ဆင်နေရတာမို့ ji ဒီတစ်ပတ်လုံး တချက်မှ မနားရသေး။ Sunday တောင် အလုပ်လုပ်ရမလား မသိ။ထိုအချိန်...

' ဒေါက်...ဒေါက်..ဒေါက်.'

'ဝင်ခဲ့ပါ...'

file တစ်ထပ်ပိုက်ကာ ဝင်လာသော yoona unnie...

' unnie ကြိုသိနေတာလား...အခုပဲ ပြီးတာလေ..လက်မှတ်ထပ်ထိုးရအုန်းမှာလား...ji ji လက်တွေ ဖြုတ်ထွက်တော့မယ်နော်..'

ji ခပ်ချွဲချွဲ အသံလေးနဲ့ အဆက်မ​ြပတ်ပြောလိုက်တော့ unnie က ပါလာတဲ့ file တွေကို ji ရဲ့ စားပွဲပေါ်ချပြီး..

'လာချွဲမနေနဲ့.. ပေး..unnie လက်အပူထုတ်ပေးမယ်.'

'ဟီး..ဟီး. အဲဒါကြောင့် unnie ကို ချစ်နေရတာ.. '

jiလက်ထိပ်လေး စုပြီး unnie ရှေ့ကို လက်လေးထိုးပေးတော့
စုထားတဲ့ လက်တစ်ဖက် ကို unnieရဲ့ လက်နှစ်ဖက်နဲ့ နှိပ်ပေးရင်း လက်ကောက်ဝတ်နား ရောက်တော့ လက်တစ်ဖက်နဲ့ သွေးကျောတွေကို ဖိထားပြီး ကျန်လက်တစ်ဖက်နဲ့ ji လက်ချောင်းလေးတွေကို တစ်ချောင်းချင်းမထိတထိဆွဲထုတ်ပေးေ လသည်။
လက်ချောင်းထိပ်တွေကနေ အပူတွေ ထွက်နေတာကို ခံစားရပြီး အညောင်းပြေသွားသည်။

ji လက််ညောင်းတယ်လို့ ပြောတိုင်း unnie က ဒီလိုမျိုးလုပ်ပေးနေကြဖြစ်သည်။ငယ်ငယ်ကဆို ji တို့သုံးယောက် ပန်းချီဆွဲကစားပြီးလို့ လက်ညောင်းတဲ့ အခါ တစ်ယောက်တစ်လှည့် အဲလို လုပ်ပေး​ခဲ့ကြ​သည်။

unnie က ji ကို အရင်လုပ်ပေးတိုင်း jen လေး က စိတ်ကောက်တတ်သည်။ jen ဆိုမှ unnie နဲ့ jen အခုလို တစ်ယောက်ကို တစ်ယောက်မခေါ်မပြော စိတ်ဆိုးနေကြတာကို ji စိတ်ထဲမကောင်း...

'unnie.. '

'အင်း..ပြောလေ.'

'jen ကို အရင်ပြန်ခေါ်ကြည့်ပါလား.'

'unnie ကို မြင်တာနဲ့ ထွက်ပြေးနေတဲ့ သူကို unnie က ဘယ်လို ပြန်ခေါ်ရမှာလဲ. '

You've reached the end of published parts.

⏰ Last updated: Nov 25, 2021 ⏰

Add this story to your Library to get notified about new parts!

ချစ်ခြင်းဟူသည်...(CHAESOO)Where stories live. Discover now