Description

196 13 0
                                    


ရိုးရှင်းသောဇာတ်လမ်းလေးတစ်ပုဒ်

သူမမတော်တဆမှုတစ်ခုကြောင့်ကိုမာဝင်သွားခဲ့ပြီး အချိန်တစ်ချို့ကြာပြီးနောက် လွန်ခဲ့တဲ့ 7 နှစ်ကိုပြန်ရောက်ရှိသွားခဲ့တယ်
________________________
အတိတ်ကနောင်တရစရာတွေကိုပြောင်းလဲပြီး ပိုမိုကောင်းမွန်စွာရှင်သန်ချင်တယ်
သူမရဲ့မိသားစုနဲ့ သူမချစ်ရတယ့်သူတွေကိုပိုပြီးဂရုစိုက်ပေးစေချင်တယ်၊ကာကွယ်စောင့်ရှောက်ပေးမယ်
အရင်လိုတဇွတ်ထိုးဆန်တာတွေမရှိတော့ဘဲ အေးချမ်းစွာဖြတ်သန်းမယ်
သူမဖြစ်ချင်သလိုခရီးသွားရင်းနဲ့ပေါ့
အဲဒါကတော့သူမရဲ့ဆန္ဒလေးပါဘဲ
___________________________

ထူးဆန်းတာက ဘယ်သူ့ကိုမှလူမထင်တယ့်ကျောင်းရဲ့အေးစက်လှသောရေခဲတုံးကြီး သူမရဲ့အတန်းဖော်က ဘာလို့သူမကို  မျက်ထောင့်နီတွေနဲ့လာကြည့်နေရတာလဲလို့
မသိရင် လင်ယောက်ျားက ဖောက်ပြန်တာကိုခံနေရတယ့် ဇနီးသည်လေးလို

ပြီးတော့ဘာကြောင့် ဒီရေခဲတုံးကြီးက သူမသွားသမျှ နေရာတိုင်းမှာရှိနေရတာလဲလို့

"ငါကကမ္ဘာကြီးကို အေးအေးချမ်းချမ်းလည်ပတ်ချင်ရုံတင်ပါ
ဘာကြောင့်များ ဒီကော်လိုဟာလေးက လာကပ်နေရတာတုန်း"

ရုတ်တရက်ကြီး နံရံမှာဖိကပ်ထားခြင်းခံရတယ့်သူမ -........

" ဟေးအစ်ကိုကြီး ကျွန်မတို့ကအတန်းဖော်​ဟောင်းတွေသက်သက်ဘဲလေ ရှင်အထင်လွဲနေတာတွေများရှိနေသလားဟင် "

ရုတ်တရက်ကြီး တင်းတင်းကျပ်ကျပ်ပွေ့ဖက်တာခံလိုက်ရပြန်တယ့်သူမ - ?????

ရေခဲတုံးကြီး - "မင်းကိုယ့်ကို ထပ်ပြီးထားသွားခွင့်မပြုတော့ဘူး "

--------------------------------------------
Note

နောက်ထပ်လျှောက်ရေးမယ့် ဇာတ်လမ်းတစ်ပုဒ်ပါ
ဖတ်မယ့်သူမရှိရင်လည်းတင်ပါမယ်
Update ကတော့ ရေးပြီးရင်တင်မှာပါ

ငါလေးက ကမ္ဘာပတ်ချင်ရုံတင်(သို့)ကျွန်မနဲ့ ကျွန်မရဲ့ရေခဲတုံး(own creation)Where stories live. Discover now