3.ကြက်တူရွေးကလေးနှင့် သူငယ်ချင်းးနှစ်ယောက်

26 3 0
                                    


#Zawgyi

Ring Ring Ring - (ကျောင်းခေါင်းလောင်းထိုးသံ)

ဆရာ -ဒါဆို ဒီနေ့ဒီလောက်ဘဲ အတန်းဆင်းကြစို့

မုရှောင်ရှောင် -အာ နောက်ဆုံးတော့ ပြီးသွားပြီဘဲ

ယွီရှင်းယွင် 2-အိမ်ပြန်ရအောင်လေ ယွီ အယ်

မုရှောင်ရှောင် -ယွီ နင်နိုးနေတာလား

ယွီရှင်းယွင် -အင်း အိမ်ပြန်ရအောင်

~~~~~~~~~~

ကျောင်းသားများ ကိုယ်ပိုင်ပစ္စည်းတွေသိမ်းပြီးနောက် ကိုယ်စီအတန်းဆင်းကြသည်

~~~~~~~~~

သူမတို့သုံးယောက်ကတော့ ဘတ်စ်ကားတူတူစီးရမှာမို့ မှတ်တိုင်ရောက်တဲ့အထိလည်းအတူတူ
ပြန်တဲ့လမ်းတစ်လျှောက်လုံး လေအိုးလေးမုရှောင်ရှောင် ပေါက်ပေါက်ဖောက်သမျှနားထောင်လာရသည်

~~~~~~~~~

မုရှောင်ရှောင် -ငါလေ ရူပဗေဒအချိန်ဆိုအရမ်းအိပ်ငိုက်တာဘဲသိလား၊မျက်လုံးကိုအတင်းဖွင့်ယူရတယ်

ဓာတုဗေဒဆိုပိုဆိုး ခေါင်းတွေကိုလည်နေရော
ပြီးတော့တစ်ချက်ကလေးတောင်ငိုက်လို့မရဘူး၊ဆရာမကမြေဖြူနဲ့ကောက်ပစ်ရော

သခ်ျာအတန်းဆိုမပြောပါနဲ့တော့ မူလတန်းကတည်းက သင်လာတဲ့အပေါင်း၊အနှုတ်တွေအခုထိကိုနားမလည်နိုင်ဘူး

ဆရာကကြောက်စရာကောင်းတာလည်းမပြောပါနဲ့တော့၊စာမေးမယ်ဆိုတာချည်းဘဲ၊မဖြေနိုင်ရင်လည်း
ခေါင်းခေါက်ခံရသေးတယ်၊တစ်တန်းလုံးဆရာ့လက်စာမိဖူးကြတဲ့သူတွေချည်းဘဲတဲ့၊နှစ်ယောက်ကလွဲရင်ပေါ့
ယွီနဲ့ ကျောင်းမြက်ခင်းစိမ်းလေးရယ်

------------------

ပြောရရင် ယွီ ငါလေနင့်ကိုအရမ်းအားကျတာဘဲသိလား၊တစ်နေကုန်အတန်းထဲမှာအိပ်နေရင်တောင် တစ်ကျောင်းလုံးရဲ့အဆင့် Top 5 ထဲအမြဲဝင်တယ်
ဆရာမတွေဆိုလည်းပြောသေးတယ် နင့်ကိုအတုယူပါတဲ့၊
အိမ်ကမိဘတွေရော၊
ပြီးတော့ ငါနင့်လိုအိပ်ရင်ကျတော့ ငါ့ကိုဆူတယ်လေ နင်တို့ပြော တရားရဲ့လားလို့

နင်တကယ်ကြီး IQ ဘယ်လောက်တောင်ရှိလဲဟမ်
နင်ဘာတွေစားလို့အဲ့လောက်ဉာဏ်ကောင်းရတာလဲဟင်
အိုင်းစတိုင်းရယ်
ငါတို့က အတန်း ၂ ကဆိုပေမယ့် ငါကတော့ အတန်း ၁ ကစာဂျပိုးတွေအားလုံးထက် နင်ကပိုတော်တယ်လို့ထင်တယ်၊
အဲ ဟိုမြက်ခင်းစိမ်းကလွဲရင်ပေါ့၊သူကတော့နင်နဲ့အဆင့်တူ

အိမ်မှာဆိုလည်း သိုးနေအောင်အိပ်တယ်တဲ့၊တစ်ပတ်လုံးမှာ 5 နာရီတောင်စာမလုပ်ဘူးတဲ့
နည်းလမ်းတွေရှိရင်လည်းဝေမျှပါအုံးရှင်

---------------

ပြီးတော့မနာလိုစရာကောင်းတာလည်းကြည့်ပါအုံး
မိဘတွေ၊မောင်နှမတွေ၊ဆွေမျိုးတွေ၊ဆရာမတွေ၊သူငယ်ချင်းတွေ၊အသိမိတ်ဆွေတွေ လူတိုင်းနီးပါးနင့်ကိုချစ်ကြတယ်၊အလိုလိုက်ကြတာလည်းမပြောပါနဲ့တော့

စာလည်းတော်သလို အားကစားလည်းရတယ်
အနုပညာလှုပ်ရှားမှုဆိုလည်း အဆိုရော၊အကရော၊သရုပ်ဆောင်လည်းရသေးတယ်
နင်မလုပ်နိုင်တာဘာရှိလဲပြောပါအုံး
ရုပ်ရည်ဆိုလည်း ညီမငယ်လေး၊စိတ်ထားလေးလည်းကောင်း

တကယ်ကိုမုန်းစရာကောင်းအောင်ကို သောက်ရမ်းပြည့်စုံလွန်းတယ်၊
ပိုမုန်းစရာကောင်းတာက မုန်းချင်ပေမယ့် မမုန်းရက်တာမျိုး၊
လူတိုင်းအပေါ် စိတ်ရင်းနဲ့ဆက်ဆံပေးတော့သိတဲ့လူတိုင်းနင့်ကိုချစ်မိရော
ဟင်း.....
တော်ပြီ ဆက်ပြောရင် ငါလူပြန်ဝင်စားချင်တော့မယ်

::::::::::::::::::::::::::::::::::::

Note

သိလောက်ပေမယ့်

မြက်ခင်းစိမ်းလေးက ကျောင်းရဲ့အချောဆုံးကောင်လေးကိုပြောတာပါ
ပန်းပွင့်လေးက အချောဆုံးကောင်မလေးပါ

ငါလေးက ကမ္ဘာပတ်ချင်ရုံတင်(သို့)ကျွန်မနဲ့ ကျွန်မရဲ့ရေခဲတုံး(own creation)Where stories live. Discover now