2.ဆုံးဖြတ်ချက်ချခြင်း

27 3 0
                                    


#Zawgyi

ယွီရှင်းယွင် -"ငါသွားတော့မယ်နော် ခဏလောက်လမ်းလျှောက်ချင်လို့"

ယွီရှင်းယွင်2 -"ဘာမှမစားတော့ဘူးလား တစ်ခုခုစားအုံးလေ မနက်ကတည်းကဘာမှမစားရသေးဘူးမလား ဗိုက်ဆာနေမှာပေါ့ ဘာဝယ်ခဲ့ရမလဲ"

ယွီရှင်းယွင် -"ဒါဆို အဆင်ပြေလောက်မယ့်တစ်ခုခုဝယ်ခဲ့လိုက်တော့ အခန်းရောက်မှပိုက်ဆံပြန်ပေးမယ် "

မုရှောင်ရှောင် -"အရမ်းချစ်ကြတာဘဲနော် နာမည်တူသူငယ်ချင်းနှစ်ယောက်ရယ်
ငါကျတော့ဘာလို့ဒီလိုမျိုးမရှိရတာလဲ ငါလည်းလိုချင်တယ်လို့"

ယွီရှင်းယွင်2 -"တော်ပါ သွားရအောင်"

..............
ကျောင်းဝန်းကြီးရဲ့ သစ်ပင်ကြီးများအုံ့ဆိုင်းနေပြီး အရိပ်ကောင်းစွာရသောအပင်ကြီးတစ်ပင်အောက်မှာ ထိုင်နေတဲ့ကောင်မလေးတစ်ယောက်ရှိသည်
ကျောင်းဝတ်စုံလေးဘဲဝတ်ထားပြီး ဘာအပိုတန်ဆာမှမပါကာ ပြင်ဆင်မှုတွေမရှိတဲ့ သူမရဲ့ရိုးရှင်းမှုကလေးကတင် ပတ်ဝန်းကျင်နဲ့လိုက်ဖက်ပြီး အေးချမ်းစွာတည်ရှိနေသည်

သူမကတော့အမှန်တကယ်ကိုဘဲ အတိတ်ကိုပြန်လည်ရောက်ရှိလာသောယွီရှင်းယွင်ပါဘဲ

တခြားသူတွေရဲ့အမြင်မှာ အေးချမ်းတယ်ကိုမြင်ကောင်းမြင်နိုင်သည်
ဒါပေမယ့် သူမအနားကိုကပ်လာခဲ့မယ်ဆိုရင် သူမရဲ့စိတ်ထဲမှာ ဘယ်လောက်ထိဗြောင်းဆန်နေလဲဆိုတာ ပေါက်ကွဲထွက်မတတ်ခုန်နေသောသူမရဲ့နှလုံးခုန်သံကြောင့်သိနိုင်သည်

'ငါတကယ်ကြီးအတိတ်ကိုပြန်ရောက်လာတယ်ပေါ့ လွန်ခဲ့တဲ့ 7 နှစ်ကြီးကိုလေ
ဘယ်လိုဖြစ်ပြီးတော့လဲ.....
ထားပါတော့ ဘာကြောင့်ဘဲဖြစ်ဖြစ် ဒီလိုမျိုးဖြစ်လာတယ်ဆိုမှတော့ ငါ့အတွက်အခွင့်အရေးဘဲပေါ့
သေချာပေါက် အရင်လိုနောင်တရစရာတွေမလုပ်တော့ဘူး
ပါး၊မား အခုကစပြီး သမီးလိမ္မာတော့မယ်

ဆုံးဖြတ်ချက်ချပြီး မျက်လုံးတွေကိုဖွင့်ကြည့်လိုက်တယ်
တိမ်ကင်းစင်နေတဲ့ အပြာရောင်ကောင်းကင်ကြီးမှာ တောက်ပနေသောနေမင်းရယ်
စိမ်းစိုနေသောမြက်ခင်းပြင်ရယ်
ကျီကျီကျာကျာငှက်အော်သံများရယ်
တကယ်ကိုသာယာလှတဲ့ရာသီဥတုလေးပါဘဲ

နာရီဝက်နီးပါးလောက် ဒီတိုင်းဘဲ သစ်ပင်ပင်စည်ကိုမှီပြီးထိုင်နေမိသည်

'သွားဖို့အချိန်တန်ပြီဘဲ
စာသင်ခန်းထဲကိုပြန်ရောက်တော့ ကျောင်းခေါင်းလောင်းထိုးဖို့ 10 မိနစ်လောက်လိုသေးသည်
ယွီရှင်းယွင်ဝယ်လာပေးတဲ့ မုန့်နဲ့နို့ကိုသောက်ရင်းဗိုက်ကိုဖြည့်လိုက်သည်
ပြီးတော့ထုံးစံအတိုင်း သူငယ်ချင်းတွေနဲ့ဘာဘာညာညာပြောရင်းအချိန်ဖြုန်းတာ ဆရာစာသင်ခန်းထဲဝင်လာတဲ့အချိန်ထိပါဘဲ
:::::::::::::::::::::::::::::::::::::::::::::::::
Note

ပြောစရာရှိတာက ယွီရှင်းယွင်ကနှစ်ယောက်ပါနော်
ကိုယ်တွေရဲ့ female lead ရယ်၊
ပြီးတော့သူမသူငယ်ချင်းယွီရှင်းယွင်ရယ်၊
သူငယ်ချင်းကိုယွီရှင်းယွင်2 လို့ရေးပါမယ်နော်

ငါလေးက ကမ္ဘာပတ်ချင်ရုံတင်(သို့)ကျွန်မနဲ့ ကျွန်မရဲ့ရေခဲတုံး(own creation)Where stories live. Discover now