ကျောင်းပိတ်ရက်မို့ အိမ်မှာပဲသောင်တင်နေမိသည်~
Jisung နဲ့အပြင်ထွက်ချင်စိတ်ကလည်းမရှိ~
Minho hyung ကလည်း သူ့သူငယ်ချင်းတွေနဲ့ dance studio ဖွင့်ဖို့ပြင်ဆင်နေတာကြောင့်မအားတာမို့ ခုရက်ပိုင်းတွေမှာ သေချာမတွေ့ဖြစ်ပေ~သွားစရာရှိတဲ့ တစ်ခုတည်းသောနေရာ Sam ဆီကိုလည်းမသွားချင်~
အကြောင်းရင်းကတော့ Jisung ရဲ့ စကားကိုကြားပီးထဲက ကျွန်တော့်စိတ်ထဲ ဘာကိုအလိုမကျဖြစ်နေမှန်းမသိတာပင်~
Sam က တကယ်ချစ်သူတွေ့နေပီလား~
အဲ့တာကြောင့် ကျွန်တော်ဖုန်းဆက်တိုင်းမအားတာလား~
အဲ့တာဆို ကျွန်တော်ကရော သူချစ်သူရှိသွားမှာကို ဘာလို့အလိုမကျတာလဲ~'အားးးး မသိတော့ဘူးကွာ'
Ring~
*Hyung <3*
'Hyung~~~'
*Lix~ baby~ ခုဘယ်မှာလဲ~*
'အိမ်မှာပဲ hyung~'
*ဒီနေ့တွေ့ကြမလား baby*
'Hyung အားရဲ့လား'
ပုံမှန်ဆို hyung ဆီ ချက်ချင်းပြေးချင်တဲ့ ကျွန်တော်က ဘာကြောင့်ရယ်မသိ ခေါင်းထဲမှာအတွေးတွေရှုပ်ရှက်ခက်နေသည်~
*မပေါ်ပါဘူး baby ရဲ့~ ကိုယ့်ကို စိတ်ဆိုးနေတာလား*
'မဟုတ်ပါဘူး~ ခု studio မှာမလား ကျွန်တော်ထွက်လာခဲ့မယ်'
*အွန်း~ စောင့်နေမယ်*
'~~~'
*ချစ်တယ်နော်*
ဖုန်းချခါနီးတိုင်း မမေ့မလျော့ပြောသောစကား~
'ကျွန်တော်ရောပဲ~'
အပေါ်ထည်င်္အကျီတစ်ထည်ကောက်စွပ်ပီး အခန်းထဲကထွက်လာလိုက်သည်~
'မား~ သား အပြင်ခဏသွားလိုက်ဦးမယ်'
'သားငယ်~ Hyunjinnie တောင် အိမ်ဘက်မလာဘူးကြာပီနော်~ သားကိုကို့ကို စိတ်ဆိုးအောင်ဘာလုပ်ထားသေးလဲ'
'မားကလည်း~ သားဘာမှမလုပ်ပါဖူး'
'ဟုတ်လို့လား~ မားရဲ့သား အဆိုးလေးက အမြဲအနိုင်ကျင့်နေပီးတော့'
'သူ့ဘာသာ သားကိုပစ်ထားတာ~ ဖုန်းဆက်တိုင်းမအားဘူးချည်း~'