'Felix~ Lee Felix~'
ကျောင်းကန်တင်းတစ်ခုလုံးကြားအောင် အော်ပီး
ဝင်လာသော Kim Joohyuk~
ကျောင်းရဲ့ လူမိုက်ခေါင်းဆောင်ဆိုလည်းမမှား~အော်ရင်းအနားရောက်လာတော့ ကန်တင်းတစ်ခုလုံးရဲ့အကြည့်တွေက သူတို့ဝိုင်းမှာ~
Felix ကတော့ သူ့ကိုခေါ်နေတာမဟုတ်သလိုပင်~
'Felix~ မင်းညတုန်းက club မှာ ငါ့စော်ကို
အီစီကလီလုပ်သွားတယ်ဆို''Club? ညက?? ဘယ်တစ်ယောက်ကိုမေးတာလဲ??'
'ဘာ~'
'ငါ့ကိုကပ်တဲ့လူတွေကများတယ်လေ~ အဲ့တော့လူတိုင်းကိုငါမမှတ်မိဘူး~'
'နောက်တစ်ခါဆို မင်းအသေပဲ Felix~'
'Kim Joohyuk!!'
အင်္ကျီလည်ပင်းကိုဆွဲလိုက်တာကြောင့် Hyunjin အော်ရင်း မတ်တပ်ထရပ်မိသည်~
Felix က လက်ကာပြရင်း~
'ငါဆီသူ့ဘာသာရောက်လာတာ အားလုံးသိတယ်~ မင်းစော်မင်းထိန်းလေ သားကြီးရဲ့~'
'မင်း~ မင်း~ တွေ့မယ် Felix~ မှတ်ထားလိုက်'
ဒေါသတေထွက်ပီး ကျိန်းသွားတာများ သနားဖို့ကောင်းလိုက်တာ~
'Lix~ hyung ကိုမပြောပဲ club သွားပြန်ပီလား~'
ဘေးကထွက်လာသော Hyunjin အသံ~
'ညက ဟိုကောင်တေအဆွယ်ကောင်းလို့ပါသွားတာ~'
ဒီကောင်လေး ခုရက်ပိုင်းမူမမှန်~ အရင်ကဆို စကားနားမထောင်ဘူးဆိုပေမဲ့ ဘာလုပ်တယ် ဘယ်သွားတယ်ဆိုတာပြောနေကျ~
'Lix~~'
'ဘာလဲ Sam ရာ~ တရားချဦးမို့လား~ အဲ့တာဆို ထမင်းဆက်မစားဘူးနော်'
'Felix~ hyung က အကောင်းပြောမဲ့ဟာကို'
ထပ်ထွက်လာတာက Jisung ရဲ့ မကြည်တဲ့အသံ~
'မဟုတ်ပါဘူးကွာ~ Joohyuk တို့က လူမိုက်တွေဆိုတာ သိရဲ့သားနဲ့~ hyung ကစိတ်ပူလို့'
'Sam ရှိနေတာပဲ~ ကျွန်တော်ကဘာကိုစိတ်ပူနေရမှာလဲ'
ဒီလိုစကားတွေနဲ့ အကြိမ်ကြိမ်ပြိုလဲအောင်လုပ်တဲ့ Lix ပါပဲ~
ဘေးက Jisung ကတော့ ခေါင်းခါနေရုံသာ~
'အဲ့တာဆို အတန်းတက်မယ်မလား~'