*Flashback*
လွန်ခဲ့သောတစ်ရက်က~
'Hyung~ ဒီမှာတင်ရပ်ကြရအောင်~'
'~~~~~'
'ကျွန်... ကျွန်တော်...'
ကျွန်တော်က အာစေးမိနေသလို အထစ်ထစ်အငေါ့ငေါ့ဖြစ်နေပေမဲ့ hyung ကိုကြည့်တော့ ပြုံးရုံသာပြုံးနေသည်~
'Hyung~~'
'အွန်း~'
'Hyung~ ဘာမှမမေးတော့ဘူးလား'
'ဘာကိုလဲ? ဘာလို့လဲလို့မေးရမှာလား~ ဘာကြောင့်လဲလို့မေးရမှာလား~ ကိုယ်သိနေပီးသားမို့ မမေးလဲရတယ်မလား'
'Hyung က ဘာကို~~~'
ကျွန်တော်အံ့ဩသွားမိသည်~
hyung မျက်နှာကိုကြည့်တော့ သူသိပါတယ်ဆိုတာမျိုး~
ဘာကိုသိတာလဲ~'Lix.. Lix က မညာတတ်ဘူး.. Lix မျက်လုံးထဲမှာအားလုံးပေါ်နေတယ်.. အဖြေတွေရှိတယ်.. ကိုယ့်ကိုယ်ကိုနားလည်အောင်ကြိုးစား.. ပီးတော့ hyung လည်းပြောစရာရှိတယ်'
'~~~~~'
'Hyung ပဲရစ်ကိုသွားတော့မယ်~'
'ပဲရစ်?'
'အွန်း ဟုတ်တယ်'
'~~~~~'
'Appa ဆက်သွယ်လာတယ်~ Lix~ သူ့ရဲ့လုပ်ငန်းတွေ ဆိုင်တွေကိုဆက်ခံဖို့က ကိုယ်ပဲရှိတာလေ.. ပြန်စဉ်းစားကြည့်တော့ ဒါကကိုယ့်ဘဝပဲလေ~ အဲ့တော့ ကိုယ်ကြိုးစားရမှာပေါ့'
'Hyung~ ကျွန်တော့်ကိုစိတ်မဆိုးဘူးလား'
'ကိုယ့်ကိုယ်ကိုယ်ညာပီးနေရင် နှစ်ယောက်လုံးပင်ပန်းရုံပဲရှိမှာပေါ့ Lix ရဲ့~ ဒီလိုကပိုမကောင်းဘူးလား..'
'ဒါပေမဲ့~'
'ကိုယ့်စိတ်ကိုယ်သိအောင်လုပ်ပီး ချစ်တဲ့လူဆီသွားပါ.. Hyung က ရိပ်မိခဲ့ပေမဲ့ လွှတ်မပေးနိုင်လို့ဆွဲထားခဲ့တာ.. Lix ဖွင့်ပြောလာမဲ့အချိန်ကိုစောင့်နေခဲ့တာ.. ခုတော့ အချိန်တန်ပီပေါ့'
ခုနောက်ပိုင်ရ ဒီကောင်လေးအမူအရာတွေပျက်နေတာသိပေမဲ့ ကျွန်တော်မသိချင်ယောင်ဆောင်နေမိတယ်~
အရင်ဆိုအမြဲတက်ကြွနေတဲ့ကောင်လေးက ခုဆိုတစ်ခုခုကိုတွေးနေသလိုပဲ စကားပြောရင်အမြဲအာရုံမရဖြစ်နေတာ~