Minho's pov
ဘာလိုလိုနဲ့ ဒီကောင်လေးနဲ့တွေ့တာ ၂လကျော်ခဲ့ပီ~ အိမ်နဲ့ပြဿနာဖြစ်ထားတာကြောင့် စိတ်ဓာတ်ကျနေတဲ့ကျွန်တော့်ကို ကုစားပေးဖို့လွှတ်လိုက်တဲ့ နတ်သားလေးများလား~
ကျွန်တော့အဖေက နာမည်ကြီးစားဖိုမှူးတစ်ယောက်မို့ ကျွန်တော့်က်ို သူ့နေရာဆက်ဆံစေချင်သည်~ ဟင်းချက်တဲ့ပါရမီပါတဲ့ကျွန်တော်က အဖေသွေးအပြည့်ပါပုံရသည်~ ဒါကြောင့်လဲ ကျွန်တော့်ကို အရမ်းမျှော်လင့်ထားကြတာ~
ဒါပေမဲ့ ကျွန်တော့ရဲ့ဝါသနာက အက~ ကနေရရင် ကျွန်တော်ပျော်သည်~ ကိုယ်ပိုင် Dance Studio ဖွင့်ပီး အောင်မြင်ချင်သည်~
ရှေးရိုးစွဲတဲ့ ကျွန်တော့်အိမ်ကလည်းဒါကိုလက်မခံနိုင်~ ခေါင်မာတဲ့အကျင့်ပါ အမွေရထားတဲ့ကျွန်တော်ကလည်း လက်မလွှတ်နိုင်ပါ~လပေါင်းများစွာစောင့်ခဲ့ရတဲ့ အကပြိုင်ပွဲနေ့မှာ ဟင်းချက်ပြိုင်ပွဲလုပ်ပီး ကျွန်တော့်ကိုပြိုင်ခိုင်းသည်~ ကျွန်တော်ကလည်း စကားနားထောင်စွာနဲ့ အကပြိုင်ပွဲဆီကို ရအောင်ခိုးထွက်ပီး ရောက်အောင်သွားသည်~ ဇွတ်လုပ်ရကျိုးနပ်အောင်လည်း ကျွန်တော် ပထမဆုကို အရယူနိုင်ခဲ့တယ်~
အကျိုးဆက်ကတော့ စိတ်ဆိုးပီး အိမ်ပေါ်ကနှင်ချတာခံလိုက်ရသော ကျွန်တော်ပါပဲ~အကကိုမစွန့်လွှတ်ရင် အိမ်ပေါ်ပြန်တက်မလာနဲ့တဲ့~ ကျွန်တော်ကလည်း မာနနဲ့မို့ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်ကြည့်ချင်သည်~
ကျောင်းသွားသည်~ အချိန်ပိုင်းအလုပ်တွေလုပ်သည်~ အားတဲ့နေ့တွေဆို ကျွန်တော့်သူငယ်ချင်းရဲ့ club မှာ စိတ်ပြေလက်ပျောက် သွားကသည်~
club ဆိုပေမဲ့ လူငယ်တွေချည်း~ အပျော်သဘော ကကြ သောက်ကြ စားကြမို့ လူသန့်သည်~တစ်နေ့ ကျွန်တော်ကနေတုန်း စင်အောက်ကနေ သဘောတကျကြည့်နေသောကောင်လေး~
စင်ပေါ်ကဆင်းလာတော့မိတ်ဆက်ရင်း အကအကြောင်းတွေပြောရင်းခင်ခဲ့ကြတာ ခုဆို တော်တော်လေးရင်းနှီးတဲ့အဆင့်ရောက်နေပီ~တကယ်ဆို ဒီကောင်လေးက အဆိုးလေးယောင်ဆောင်နေတဲ့ ခလေးလေး~ သူ့နားရှိတဲ့လူတွေကို ပြုံးပျော်စေနိုင်သည်~ healing power ရထားတဲ့ကောင်လေးပါပဲ~