Chapter (3) (U & Z)

131 3 0
                                    

Zawgyi

Dong Hoon တစ်ယောက် မျက်နှာမကောင်းသဖြင့် Jong Kook ကပင် စကားစလိုက်ရသည်။

KJK- Dong Hoon ah. ဘာဖြစ်လာတာလဲ?

Dong Hoon တစ်ယောက် ထိုင်တောင် မထိုင်နိုင်တော့။

HDH- Hyung....... ဟိုဟာ.......

KJK- ဘာလဲ? ဘယ်ဟာလဲ?

HDH- Yuno company နဲ့ trio ဆက်လုပ်မှာလား?

KJK- အေး၊ လုပ်ရမှာပေါ့။ သက်တမ်းမှမကုန်သေးတာ။

HDH- Yoon Eun Hye ကအခု CEO နေရာ လွှဲပြောင်းယူတော့မယ်တဲ့။ သန်ဘက်ခါ ကတိသစ္စာပြုပွဲလုပ်မယ်တဲ့။

JH- အော်.... ဘာများလဲလို့! သူများ CEO ဖြစ်သွားတာ ကောင်းပါတယ်။

Jong Kook လည်း ထိုဖြူစင်လွန်းသော ကလေးမကိုကြည့်ပြီး သက်ပြင်းသာချမိတော့သည်။

HDH- Jihyo နဲ့အဆင်ပြေပါ့မလား။

JH- Jihyo ကပြေပါတယ်။ ဘာမပြေစရာရှိလို့လဲ?

Jihyo အတွက်ပြေပေမယ့်၊ Jong Kook အတွက်တော့မပြေ။ Eun Hye သာ CEO ဖြစ်လာရင် သူတို့ company ကိုပါ အကွက်ရွှေ့လာနိုင်သည်။ Trio လည်း အချိန်ကြာသွားနိုင်သည်။

ဆိုလိုတာကတော့ သူ Eun Hye ကို မျက်နှာချင်းဆိုင်ရမည့် ကာလက ပို၍ကြာသွားနိုင်သည်။ Eun Hye သူ့ကို ဘယ်လောက်ထိ အကွက်ရွှေ့သွားနိုင်လဲဆိုတာ သူသိနေ၍ နေရခက်နေပြန်သည်။ Jihyo ကသဝန်မတိုတတ်သူမှန်းသိသော်လည်း Jong Kook မှာသူမကို အားနာနေရသည်။

**********

Jong Kook တစ်ယောက် အိပ်ရာထဲရောက်တဲ့ထိ အတွေးထဲနစ်မျောနေသည်။

ဒါကိုရိပ်မိနေတဲ့ Jihyo က သူ့ဘေးတွင်ဝင်လှဲလိုက်တာတောင် Jong Kook တစ်ယောက် သတိမထားမိသေး။

JH- Oppa~ နေမကောင်းဘူးလား?

KJK- ဟေ?

JH- ဘာတွေငေးမိုင်နေတာလဲ?

KJK- အော်.... ဘာမှမဟုတ်ပါဘူး။

Jihyo ကသူ့ရင်ခွင်ထဲ တိုးဝင်တော့ Jong Kook ကလည်း အလိုက်တသိနှင့် သူမပုခုံးပေါ်ထိလှမ်းဖက်သည်။

JH- Yoon Eun Hye ssi အကြောင်းဆိုရင် ဘာမှစိတ်မပူနေနဲ့နော်။ အလုပ်ကအလုပ်ပဲလေ။

My Little Secretary (Season 2)Where stories live. Discover now