Zawgyi
"ဦး!"
အိပ်ခန်းထဲမှခေါ်သံချိုချိုလေးကြောင့် Jong Kook တစ်ယောက် အိပ်ခန်းထဲသို့အပြေးကလေး သွားမိလျက်သား။
KJK- ကလေး.... ဘာဖြစ်လို့လဲ?
JH- ဦးဘယ်တွေသွားနေတာလဲ?
KJK- ဧည့်ခန်းထဲမှာလေ ကလေးရဲ့။
JH- အာ.....ဦးရေမွှေးနံ့ကြီးကလည်း....
ဟိုဘက်လှည့်သွားသော သူမကြောင့် Jong Kook မှာလည်း သူ့ကိုယ်သူအနံ့ခံကြည့်ရာ
KJK- ကလေးကြိုက်တဲ့အနံ့လေ။
JH- အခုမကြိုက်တော့ဘူး။ အရမ်းနံတာပဲ၊ အန်တောင်အန်ချင်လာပြီ။
KJK- ဟင်? ကိုယ်ဝန်ကြောင့်ဖြစ်မှာပါ ကလေးရဲ့။ မကြိုက်ရင် အင်္ကျီလဲလိုက်မယ်။
Jong Kook တစ်ယောက် ပျာပျာသလဲနှင့် အင်္ကျီအလျင်အမြန် ထလဲတော့သည်။
KJK- အခုအဆင်ပြေသွားပြီလား?
JH- အင်း။
KJK- လာပါဦး.... ဖက်ထားချင်လို့။
Jihyo လည်းဆူပုပ်ပုပ်ရုပ်လေးနှင့် သူ့ရင်ခွင်ကျယ်ကြီးထဲတိုးဝင်လိုက်သည်။
KJK [ဘာတွေမကျေမနပ်ဖြစ်နေပါလိမ့်။ ကိုယ်ဝန်ကြောင့်များလား?]
ရုတ်တရက်သူ့ရင်ခွင်ထဲမှ ထထွက်သွားသော Jihyo ကြောင့် သူကိုယ်တိုင်လည်း ကြောင်အမ်းအမ်းဖြစ်သွားသည်။
KJK- ဘယ်သွားမလို့လဲ?
JH- ညစာစားရတော့မယ်လေ။
KJK- အော်....လာပြီလာပြီ။
****
Jong Kook မှာ အသက်ပြင်းပြင်းမှုတ်ထုတ်ကာ..... ရှေ့မှမြင်ကွင်းကို မကျေမနပ်နှင့် ထိုင်ကြည့်နေရသည်။
HDH- Jihyo ah.... ဒီမှာ....ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအတွက် အားဆေး။ ပြီးတော့ဒါက.... Jihyo လိုချင်နေတဲ့ Skechers.
JH- Dong Hoon oppa အကောင်းဆုံးပဲ! ပြီးတော့ oppa နားက မွှေးတယ်ရော်။
HDH- တကယ်? အရင်ကလည်း ဒီရေမွှေးပဲဆွတ်တာပါ။
JH- မသိဘူး။ မွှေးတော့မွှေးတယ်။
Jihyo ကိုအိပ်ရာထဲတွင် သိပ်ပြီးနောက် Jong Kook လည်း တိတ်တဆိတ် အခန်းထဲမှာထွက်လာပြီး
YOU ARE READING
My Little Secretary (Season 2)
Fanfiction(Zawgyi & Unicode) ပထမဆုံးချစ်ဖူးတဲ့လူတစ်ယောက်နဲ့ လက်ထပ်ခဲ့တယ်။ အလျင်စလိုကြီးဖြစ်သွားလို႔ ဆုံးဖြတ်ချက်တွေ မှန်ရဲ့လားတောင်မဆန်းစစ်ခဲ့မိဘူး။ Song Jihyo ပထမဆုံးချစ်ဖူးတဲ့လူတစ်ယောက်နဲ့ လက်ထပ်ခဲ့တယ်။ အလျင်စလိုကြီးဖြစ်သွားလို့ ဆုံးဖြတ်ချက်တွေ မှန်ရဲ့လားတေ...