Chapter (10) (U & Z)

59 3 0
                                    

Zawgyi

JH- အာ.... Jihyo အလုပ်ထွက်တော့မလို့။

"ဘယ်လို?"

"ဘာပြောလိုက်တယ်?"

Suk Jin နှင့် Jae Suk တို့နှစ်ယောက်ဆီက အာမေဋိတ်သံအသီးသီးထွက်လာသည်။

KJK- သူ့အဒေါ် company ကို လွှဲယူရတော့မယ်လို့ပြောပါတယ်။

SJ- အင်း..... အခုလို မြန်မြန်ဖြစ်လာတော့လည်း ကောင်းတာပဲ။ အဖေတို့စီစဉ်လိုက်ပါ့မယ်။

JS- နောက်ဆုံးတော့ ခေါင်းဆောင်လုပ်တော့မယ်ပေါ့။

JH- ဒါပေါ့။

SJ- ကဲ... ညစာစားပြီးမှပြန်ကြပါလား?

KJK- ဟုတ်ကဲ့ အဲ့လိုပဲလုပ်လိုက်ပါ့မယ်။

****

ဒီလိုနှင့် ညစာစားပြီး ဧည့်ခန်းထဲတွင် စကားထိုင်ပြောနေကြသည်။ Kwang Soo နှင့် Sechan တို့နှစ်ယောက်ကတော့ လူကြီးတွေပြောတာနားထောင်ရုံလောက်သာ။

SJ- Appa မနက်ဖြန် Yuna ကို ဖုန်းဆက်လိုက်မယ်။ သူ Taiwan ကပြန်ရောက်တာနဲ့ လွှဲပေးတဲ့ကိစ္စတွေဆက်လုပ်မယ်။

JH- Nae.

Suk Jin ကိုပြန်ဖြေလိုက်ပေမယ့် သူမအကြည့်က TV screen ပေါ်မှာ။ လက်ထဲက မုန့်ကိုလည်း အလွတ်မပေး။

KS- Noona, ကျွန်တော့်မုန့်တွေ​နော် အဲ့ဒါ။

JS- YAH! မုန့်က ပြန်ဝယ်လို့ရတယ်။ ငါကိုယ်တိုင်လိုက်ဝယ်ပေးမယ်။ Jihyo စားချင်တာ စားပါစေ။

SJ- အေးလေ.... ကိုယ့်အစ်မကို အပြစ်ပဲလိုက်ပြောနေတယ်။

KS- ဒါပေမယ့်... အဲ့ဒါကျွန်တော် ဝယ်ထားတာတွေလေ။

JS- ငါပြန်ဝယ်ပေးပါ့မယ်ဆိုနေ။

KS- အားလုံးက noona ကိုပဲ အလိုလိုက်နေကြတယ်။

Kwang Soo ရဲ့ အဆိုပြုချက်ကြောင့် တစ်အိမ်လုံး ရယ်သံများနှင့် ဖုံးလွှမ်းသွားတော့သည်။

********

အိမ်ပြန်ရောက်တော့ Dong Hoon က sofa ပေါ်တွင် အိပ်ပျော်နှင့်နေလေပြီ။ ဘောလုံးပွဲကလည်း ပွင့်လို့။

Jihyo က အနားတွင်ရှိသော စောင်တစ်ထည်ကို ဖြန့်ပြီး အသာအယာခြုံပေးလိုက်သည်။

My Little Secretary (Season 2)Where stories live. Discover now