Chapter (14) (U & Z)

68 2 2
                                    

KJK- ကလေး.....

JH- ပြောလေ ဦး

KJK- ညနေ bar သွားကြမလား?

JH- တကယ်?

သူမပုံက တက်ကြွလျက်။

KJK- Weekend ဆိုတော့ ကလေးသွားချင်တဲ့ bar ပို့ပေးမယ်။ ကလေးနဲ့က သိပ်တွေ့ရတော့မှာမဟုတ်ဘူး။ အလုပ်လည်း မတူတော့ဘူးဆိုတော့။

JH- အဲ့ဒါဆိုရင် Jihyo ဦးဆီမှာပဲပြန်လုပ်ရမလား? ဒေါ်လေးကိုပြောလိုက်ရင်ဖြစ်ပါတယ်။

KJK- ရပါတယ်ကလေးရဲ့။ ကလေး clothing ကိုဘယ်လောက် စိတ်ဝင်စားတယ်ဆိုတာ ကိုသိပါတယ်။
Bar က ဘယ် bar သွားမလဲ?

JH- ဂျီဟို့အိမ်နားက bar လေ။ အဲ့ bar ကို မိန်းကလေးတွေပဲလာတာ။

KJK- မိန်းကလေးတွေပဲဆိုတော့  ကိုရောဝင်လို့ရပါ့မလား?

JH- ရပါတယ်။ အဲ့ bar ကမိန်းကလေးရော၊ ယောက်ျားလေးရောဝင်လို့ရတယ်။ ဒါပေမယ့် ယောက်ျားလေးတွေက အဲ့ bar ကို မကြိုက်ကြဘူး။

KJK- အဲ့ဒါဆို အဲ့ bar ပဲသွားမယ်လေ။

JH- ဟုတ်။

KJK- ဒါနဲ့ရောက်ဖူးလို့လား?

JH- အဲ့ bar က Jihyo နဲ့ Jae Suk oppa နဲ့ co-owner လေ။

KJK- ဘယ်လို? အဲ့ bar က ကလေးဖွင့်ထားတာလား?

JH- ဟုတ်တယ်။ Jae Suk oppa နဲ့ ဖွင့်ထားတာ။ အပျော်တမ်းဖွင့်ကြည့်လိုက်တာပါ။

KJK- အမယ်လေး။ စီးပွားရေး လုပ်တာကို အပျော်တမ်းလုပ်တဲ့လူကရှိသေးတယ်။ ရင်းနှီးရတာလွယ်တယ်များမှတ်နေလား? သူဌေးသမီးတွေများနော်။

JH- ဟီးဟီး။

****

တစ်နေ့လုံး အိမ်မှာပဲ အချိန်ကုန်နေကြ။ Dong Hoon ကတော့ ထုံးစံအတိုင်း အပြင်သွားလေရဲ့။ ညစာတောင်အိမ်ပြန်မစား။

KJK- ကလေး သွားမယ်လေ။

JH- ဟုတ်။

သူမကိုကြည့်လိုက်တော့ ခြေမျက်စိထိဖုံးသော ဂါဝန်လက်ရှည်ကြီးနှင့်။
တစ်လမ်းလုံးလည်း အရက်သောက်ရမှာမလို့လားမသိ။ တက်ကြွနေသည်။

JH- ရောက်ပြီ။

KJK- အင်း။

Jihyo ဆိုင်ထဲမပြေးရုံတမယ် ခပ်သုတ်သုတ်လျှောက်သွားပြီး bar တွင်ဝင်ထိုင်လိုက်သည်။

My Little Secretary (Season 2)Where stories live. Discover now