မနက်ခင်းရဲ့အစ နေရောင်ခြည်အလင်းတန်းများဖြာကျနေတယ့်အခန်းလေးရဲ့လိုက်ကာကိုဆွဲဖွင့်ရင်းနိုးထလာသည်ကောင်လေးတစ်ယောက် နဖူးပြင်ပေါ် ဝဲကျနေတယ့်ဆံပင်ကိုသပ်ကာ မှန်တံခါးကိုဖွင့်ရင်းနေရောင်ခြည်ရဲ့ အနွေးဓာတ်လေးနဲ့ လေပြေလေးရဲ့အထိအတွေ့ကိုရှုရှိုက်နေရင်း
ဒေါက် ဒေါက် ဒေါက်
"သားသားနိုးပြီးလား"
အခန်းတံခါးခေါက်သံကြောင့်ဝံရံတာကနေတံခါးဆီသို့ခြေလှမ်းကျဲကျဲနဲ့တံခါးကိုဖွင့်လိုက်သည်
"အော် တီတီသားနိုးတာကြာပြီး ဝရံတာမှာအကြောဆန့်နေတာ "
"အဲ့တာဆိုအောက်ဆင်းပြီးမနက်စာလာစားတော့လေသား သားမေမေအောက်မှာစောင့်နေတယ်""ဟုတ်ကဲ့တီတီသားရေမိုးချိုးပြီးဆင်းလာခဲ့မယ်"
Ruby Company Lmt. တစ်ဦးတည်းသောမျှော်လင့်ချက် အမွေဆက်ခံသူလေး တစ်မိသားစုမှာအငယ်ဆုံးလည်းဖြစ်အမေဖြစ်သူနဲ့ အဒေါ် ဖြစ်သူတွေရဲ့ဂရုစိုက်မှုအောက်မှာ ကြီးပြင်လာတယ့်
'ခန့်သုတမာန်'တစ်ယောက် Uni first dayအတွက်စိတ်လှုပ်ရှားနေသည်,
တစ်ဦးတည်သောသူဋ္ဌေးသားတစ်ယောက်လည်းဖြစ် လို့ရုပ်ရည်ကအဆန်းတကြယ်ပြောစရာမလိုအောင်ချောမောပြေပြစ်လှသည် 6' 2"လောက်ရှိတယ့်အရပ်အမောင်း မဖြူမညိုသော ရွှေရောင်အသားရည်ဝင်းဝင်းလေနဲ့ ဂုတ်ထောက်ဆံပင်မတိုမပါးတို့ကဆွဲဆောင်မှုပိုစေသည် နှာတံလေးကမသွယ်ပေးမယ့်နှာတံရှည်ရှည်လေးနဲ့ နှုတ်ခမ်းကအညိုရောင်ဘက်ရောက်ပေးမယ့်သိပ်မညိုပန်းရောင်ဘက်သိပ်မရောက်အောက်နှုတ်ခမ်းထူးထူးလေးမှာ မိန်းကလေးများအသဲစွဲပင်; ဆယ်တန်းနှစ်ကိုယ်ပိုင်ကျောင်းမှာထဲကအားကစားမှာရောရုပ်ရည်နဲ့ပါနာမည်ကျော်တယ့်ကောင်လေးတစ်ယောက်ဖြစ် မိဘကချမ်းသာသလိုအလိုလိုက်ထား၍ လူငယ်သဘာဝအပေါင်းအသင်းအပျော်အပါးအရမ်းမက်တယ်ကောင်လေးတစ်ယောက်;
ဒုန်း ဒုန်း
"သား Key ပြေးမဆင်းနဲ့လေ လှေကားကနေချော်ကြမယ် "
Keyဆိုတယ့်အိမ်ခေါ် နာမည်လေးကခန့်သုတရဲ့ငယ်ဘဝကို ပေါ် လွင်စေ ငယ်ငယ်လေးထဲကအရမ်းဆော့ အရမ်းခုန်ပေါက်လွန်းလို့ မျောက်လေးတစ်ကောင်လိုအမြဲအငြိမ်မနေ Monkeyရဲ့အနောက်စကားလုံး ခေါ်ရင်းကနေ Keyလို့အိမ်ခေါ် နာမည်လေးဖြစ်လာခဲ့သည်
"မာမီ ဒယ်ဒီခရီးကပြန်မလာသေးဖူးလား "
"ဒီနေ့ပြန်ရောက်မယ်ထင်တယ်သား"
Keyရဲ့မာမီ ဒေါ် မီမီနိုင်မှာအသက်ငါးဆယ်ကျော်အရွယ်ဖြစ်သောလည်းအသားဖြူဖြူ ခန္ဓာကိုယ်ပြေပြစ်တာကြောင့် အရွယ်တင်နုပျိုလှသည် ဒေါ် မီမီနိုင်ရဲ့ညီမ ဒေါ် တင်တင်နိုင်မှာလည်းလေးဆယ်ကျော်အပျိုကြီးဖြစ်သောလည်းအမနီးနီးချောမောလှပသူတစ်ယောက်ဖြစ်သည် မျိုးရိုးအလိုက် ချမ်းသာလာတယ့်လူတွေလည်းဖြစ် မန္တလေးနဲ့ရန်ကုန် ပိုးထည်တိုက်နဲ့ ရတနာရောင်းဝယ်ရေးဆိုင်များစွာဖွင့်လှစ်ထားတယ့် ညီမနှစ်ယောက်ရဲ့ဂုဏ်သတင်းကကျယ်ပြန့်လှသည် Keyရဲ့ဒယ်ဒီနဲ့မာမီကမိဘတွေပေးစားလို့ယူခဲ့ကြပေမယ့် ယူပြီးမှဖြစ်လာတယ့်သံယောဇဥ်အချစ်တွေကြောင့်ခိုင်မြဲပြီး ချစ်ခြင်းသက်သေသားလေးတစ်ယောက်ပါရှိနေ၍ မိသားစုဘဝလေးကလူများအားကျရအောင်ပြီးပြည့်စုံလွန်းသည့်
YOU ARE READING
Unchanging Love
Romanceဘယ်အရာမှမတည်မြဲတယ့်လောကကြီးမှာ ဘယ်တော့မှမပြောင်းလဲတယ့်ချစ်ခြင်းမေတ္တာလေး တစ်ခုတော့တည်မြဲစေချင်တယ်