Part6

6 0 0
                                    

Ting

ကျောင်းပိတ်ရက် နောက်ကျမှအိပ်ရာထမလို့ပါဆို ဘယ်တကောင်သားကစောစောစီးစီးလှမ်းပို့ပြန်ပြီးလည်းမသိဖူး။
Keyအိပ်ချင်မူးတူးဖြင့် အိပ်ယာဘေးကဖုန်းကိုစမ်းတဝါးဝါးရှာရင်း မျက်စီပွတ်၍ကြည့်လိုက်သည်။
ထင်သည့်အတိုင်း ဟိုငယ်ကျွန်သုံးကောင်ပါပဲ။
group chatထဲအပြိုင်အဆိုင်လုပြောနေကြတယ့်အကောင်တွေကြောင့်မနက်အိပ်ဖို့အစီစဥ်လေးပျက်ရပြီး။ နာရီကြည့်မိတော့8နာရီပင်ရှိသေးသည် အပြင်သွားဖို့လုပြောနေကြတယ့်သုံးကောင်ကိုစိတ်ထဲတွင်သာကျိန်ဆဲနေမိသည်။ ဖုန်းအသံပိတ်မအိပ်မိတယ့်ကိုယ့်အပြစ်လည်းမကင်းသောကြောင့် စကားအများကြီးဝင်မပြောတော့ချေ။

'အဲ့တာဆို Time cityက အကင်သွားစားမှာပေါ့"

''ငါကhot pot kingမှာပဲစားချင်တာ''

''ကျစ် မင်းတို့ဟာကလည်းအခုထိညှိမရဖူး စိတ်ကအချဥ်ပေါက်လာပြီး ကောင်မလေးပဲခေါာသွားလိုက်တော့မယ်''

''ဟားဟား ကောင်မလေးဆ်ိုလို့မူးလို့ရှူးစရာတောင်မရှိတယ့်အကောင်ကပြောပြီး''

''အပေါ် ကခွေးသုံးကောင်ကိုက်လို့ပြီးပြီး မင်းတို့ကြောင့်ငါနိုးသွားပြီး တစ်နေရာရွေးလိုက်တော့မဟုတ်ရင်ငါမလိုက်တော့ဖူး"

''အေးပါKeyရာ မင်းကလည်းစိတ်ကြီးပဲ''

''စိတ်တွေနွားတွေမသိဖူးမင်းတို့ကိုဆဲချင်တာပဲသိတယ်''

လေးယောက်သားgpထဲနေရာရွေးရင်းပင်တိုင်ပတ်နေကြသည်။နောက်ဆုံးတော့သဘောတူညီမှုရပြီး Hot potဆိုင်တွင်သာစုကြမည်။

''ငါနည်းနည်းနောက်ကျမယ် ငါ့ညီမGuideကို သွားကြိုရဦးမှာ ''

ကောင်းခန့်တွင်ညီမတစ်ယောက်ရှိပြီး ကောင်းခန့်နဲ့အသက်တစ်နှစ်ကျော်ကျော်မျှသာကွာသည်။ အသက်သိပ်မကွာသောမောင်နှမဖြစ်၍ပြောမနာဆိုမနာသူငယ်ချင်းပေါင်းသာပေါင်းဖြစ်သည်။ဂိုးသွင်းကောင်းသောဖေဖေကြောင့် မောင်နှမနှစ်ယောက် တစ်တန်းသာခြားသည့်အတွက် ကောင်းခန့် 1st yr​ တွင် မီးမီး ဆယ်တန်းတတ်နေရသည်။အခုလည်း ဂိုက်ကိုသွားကြိုပေးရဦးမည် သူတ်ို့အလုပ်တွေချည်းပါပဲ ပြောပြန်ရင်ကောင်းခန့်လွန်ရာကျတော့မည်။ မီးမီးရဲ့ဂိုက်အိမ်ကိုသာ လမ်းမေးပြီးမောင်းလာခဲ့သည်။

Unchanging LoveWhere stories live. Discover now