ဒယ်ဒီအခုလောက်ဆိုရင်အိမ်ပြန်ရောက်နေလောက်ပြီးUniတတ်ရင်စီးဖို့ဒယ်ဒီက ကားလေးဝယ်ပေးတော့ကျွန်တော်ကလည်းကားအသစ်လေးကိုစီးချင်တာ စိတ်ရွနေတာအခုတော့လမ်းရှင်းတုန်း အရှိန်လေးတင်ရင်း အမိုးလေးဖွင့်ရင်ပေါ့ ဟဲဟဲ ဒယ်ဒီကစည်းကမ်းအရမ်းကြီးတယ့်လူဗျ ငယ်ငယ်ကတည်းကဆုပေးဒဏ်ပေးစနစ်နဲ့အမြဲနေခဲ့ရတာ အခုလိုစီးနေတာသာသိရင်အိမ်ရောက်ရင်အဆူခံရမှာ အခုတော့ဒယ်ဒီမသိလောက်ပါဖူး အိမ်ရောက်ဖို့လိုသေးတာကို မာမီကိုကမကြောက်ရဖူး မာမီကအကုန်လိုက်လျောပေးတာလေ Keyဖြစ်ချင်တာမှန်သမျှပေါ့ အန်တီလေးနဲ့မာမီက Keyကိုဆိုအိမ်မှာအရမ်းအလိုလိုက်တာ ဒယ်ဒီကိုတော့နည်းနည်းကြောက်တယ် ဒယ်ဒီက Keyအပေါာချစ်မှန်းသိပါတယ်ဒါပေမယ့်တစ်ခါတစ်လေပြစ်ဒဏ်တွေကတော့နည်းနည်းကြမ်းတယ်
ငယ်ငယ်က အသက်10နှစ်လောက်ကထင်တယ် ကျောင်းမှာအကြီးတန်းတွေနဲ့ရန်ဖြစ်တုန်းကဆို ဒယ်ဒီကအခန်းထဲသော့ပိတ်ခဲ့တာ အဲ့တုန်းကKeyမမှားဖူးသူတို့ကကောင်လေးတစ်ယောက်ကိုအနိုင်ကျင့်နေတာ Keyကလည်းလူပျိုပေါက်ဆိုတော့
တစ်ပွဲတစ်လမ်းနွှဲရင်ကျောင်းအုပ်ဆီရောက်ခဲ့တာပေါ့အဲ့တာကိုဒယ်ဒီသိတော့ အခန်းထဲမှာသုံးရက်ပိတ်ခဲ့တာအပြင်လည်းမထွက်ရဖူး ကျောင်းနှစ်ရက်တောင်ပြက်ခဲ့ရတယ် ဒါပေမယ့်ဒယ်ဒီကKeyအပေါာ မရက်စက်နိုင်ပါဖူးပြီးတော့ လိုချင်တာဝယ်ပေးပြီးပြန်ချော့ခဲ့တာပဲလေ သားသမီးကိုမချစ်တယ့်မိဘကတော့မရှိပါဖူး ချစ်တာကိုထုတ်မပြတတ်တာပဲရှိမှာ
""တီတီတီ''
"လာပါပြီအကိုလေး"
ခြံအဝရှေ့ကဟွန်းတီးသံကြောင့်အောင်ကျော်တစ်ယောက် အိမ်ထဲကနေမြန်မြန်ပြေးကာKeyကိုခြံတံခါးဖွင့်ပေးလိုက်သည်
"ကိုအောင်ကျော် ဒယ်ဒီပြန်ရောက်ပြီးလား"
"ဟုတ်ကဲ့အကိုလေး သူဋ္ဌေးနေ့လယ်ကရောက်တာပါ"
"ကားကိုပါကင်မှာရပ်လိုက်နော် ဒီမှာသော့ ဒါနဲ့လေ မနက်ကျောင်းမသွားခင်ဆီဖြည့်ထားပေးဦးနော်"
"ဟုတ်ကဲ့အကိုလေး"
"ကျေးဇူးပဲ ကိုအောင်ကျော်"

YOU ARE READING
Unchanging Love
Romanceဘယ်အရာမှမတည်မြဲတယ့်လောကကြီးမှာ ဘယ်တော့မှမပြောင်းလဲတယ့်ချစ်ခြင်းမေတ္တာလေး တစ်ခုတော့တည်မြဲစေချင်တယ်