Part 4

9 1 0
                                        

"Key ဒီညကလပ်မှာသွားဒွန့်ကြမယ်လေ ကလပ်မရောက်တာငါးရက်တောင်ရှိပြီး မင်းလည်းလိုက်မယ်မဟုတ်လား"

သူငယ်ချင်းလေးယောက်ထဲစည်သူကအသားအရေအညိုဆုံး အိမ်မှာGymခန်းသူ့အဖေကထည့်ပေးထားတာတောင်Gymသွားပြီးစော်သွားကြောင်တယ့်အကောင်လေ ဆိုးတာကသူမှာအချစ်ရေးကံခေတယ်ပြောရမလားချိန်လိုက်တိုင်း တစ်ခြားလူနောက်ပါပါသွားတာတတ်သူ့ရဲ့ကျိန်စာတစ်ခုလိုကိုဖြစ်နေပြီး အဲ့တာတောင်ဒီအကောင်ကမမှတ်သေးအားရှိသူ့စိတ်ထဲကလပ်သွားမယ်ဖွန်ကြောင်မယ်ပဲတွေးနေတာ

"ဒီနေ့တော့မရဖူး ငါ့ကောင်တို့ငါ့ဒယ်ဒီ ဒီနေ့ခရီးကပြန်လာမှာ ငါကိုမတွေ့ရင်ပွားဦးမှာ မင်းတို့လည်းသိရဲ့သားနဲ့"

ခန့်သုတမာန်ရဲ့ဒယ်ဒီ "ဦးမြင့်မြတ်မာန် "ဆိုတာနာမည်နဲ့လိုက်အောင်မာနကြီးသလို Ruby Company CEOလည်းဖြစ်စီးပွားရေးလောကမှာနာမည်တစ်လုံးနဲ့ကျော်ကြားလှသည်; သုတကအဖေတူသားလို့ပြောရမလားအရပ်အမောင်းနဲ့အသားအရည်ကအဖေနဲ့တစ်ပုံစံထဲပင် ဦးမြင့်မြတ်မာန်မှာအသက်ငါးဆယ်ကျော်အရပ်မြင့်မြင့် တည်ကြည်သောမျက်နှာထားနဲ့ဂုဏ်ရှိန်ဝါကစီးပွား​ရေးလောကတွင်ပြိုင်ဘက်ကင်းတစ်ယောက်လည်းဖြစ် တွေးဝေမှုမရှိ တိကျသေချာပြက်သားမှု အရာရာကိုသူများထက်ကြိုမြင်သောစီးပွားရေးကစားမှုတွေကြောင့် နှစ်အနည်းငယ်အတွင်းနိုင်ငံTop 10ထဲပါလာတာမဆန်းလှပေ ဖခင်တစ်ယောက်ရဲ့မေတ္တာကိုသားအပေါ် ထုတ်မပြတတ်အလိုလိုက်လွန်းရင်သားလေးတစ်ယောက်ပျက်စီးမှာကိုလည်းမလိုလား သားရဲ့အစစအရာရာကိုမတောင်းပဲနဲ့ပြည့်အောင်သာဖြည့်စီးပေးသည်
သားကို စည်းနဲ့ကမ်းနဲ့နေတတ်လူတော်တစ်ယောက်ဖြစ်စေချင်သည့်အတွက်ဆုပေးဒဏ်ပေးစနစ်နဲ့ငယ်ငယ်လေးထဲကအခုထိဆုံးမနေဆဲဖြစ်သည်

Keyကျောင်းကအပြန်ကျောင်းဂိတ်ထိကားကိုဖြေးဖြေးချင်းမောင်း၍လျှောက်လမ်းဘေးကိုတောက်လျှောက်ကြည့်လာသည် မနက်ကတွေ့ခဲ့တယ့်အကောင်ပေါက်လေးနဲ့များထက်တွေ့နိုင်မလားလို့ရှာရင်းကျောင်းဂိတ်ထိ အရိပ်အယောင်လေးတောင်မတွေ့ရပေ တစ်ကျောင်းထဲထက်တွေ့နိုင်တာပဲဆိုတယ့်အသိနဲ့ အိမ်ကိုသာမောင်း၍ပြန်လာခဲ့သည်
.........................................................................

Unchanging LoveWhere stories live. Discover now