#Unicode အပိုင်း(၂)

63 5 0
                                    

"တူမကြီး" ကျောင်းကပြန်လာတာနဲ့ပွေ့ဖက်စီကြိုတဲ့ဒေါ်လေးဖြစ်သူကိုယ်တွေ့တော့ခင်အရမ်းကိုယ်ပျော်သွားတယ်။

"ခင်ကဒေါ်လေးကိုအရမ်းသတိရနေတာ" ချွဲချွဲနွဲ့နွ့ဲကလေးပြောလိုက်တဲ့ခင့်ရဲ့အသံလေးကြောင့် ဒေါ်လှကြိုင်မှာ ပြုံး၍ တူမဖြစ်သူနဖူးလေးအား နမ်းလိုက်ပြီး ...

"ကဲပိုလေး ဒေါ်လေးကိုယ်လွမ်းတာလား မုန့်တွေကိုယ်လွမ်းတာလား"

"နှစ်ခုလုံး ဟီး" ရယ်ပြီးပြောကာ ဒေါ်လေးခါးကိုယ်ဖက်ပြီး နွဲ့ဆိုး ဆိုးနေလေတဲ့ တူကြီးနှစ်ယောက်ကိုယ်ကြည့်ပြီး
ဦးဘသောင်း နဲ့ ဝန်းမင်းက ပြုံးလျှက်.....

"အစ်ကို...ကျွန်တော်ကိုယ်အရေးတကြီးခေါ်တဲ့ကိစ္စ
မပြောရသေးဘူးနော်"

"အေးဆေးပေါ့ကွာ ညကြမှပြောကြတာပေါ့"

"ဟုတ်ကဲ့အစ်ကို"

ခင်နားမလည်တဲ့စာတွေမေး မြို့ကအကြောင်းတွေဒေါ်လေးနဲ့ဦးလေးဖြစ်သူကပြောပြနဲ့ သုံးဦးသားစကားဝိုင်းကစည်းကားနေတယ် ။ ဦးဘသောင်း ကတော့ထိုစကားဝိုင်းလေးထဲဝင်မပါဘဲ ပြုံးပြုံးလေးသာကြည့်နေတယ်။

"ဒေါ်လေး သမီးကြွားစရာတစ်ခုရှိတယ်"

"အထူးဆန်းပါလား ဟော့ဒီကသမီးလေးကဘာကြွားမှာပါသလဲ"

အဒေါ်ဖြစ်သူအနားသို့ကပ်ပြီးခင်ကတိုးတိုးလေးပြောတယ်။

"ခင့်မှာသူငယ်ချင်းရနေပြီး" ပြောပြီးပြုံးရွှင်စွာပေတိဖြစ်နေရှာတဲ့တူမဖြစ်သူကိုယ် ပို၍သာဂရုဏာဖြစ်နေမိတယ်။

"ယောကျာ်းလေးလား မိန်းကလေးလား"

"မိန်းကလေးပါ ဒေါ်လေးရဲ့ ညိုမြတဲ့"

"ဟော့တော် နာမည်လေးကချစ်စရာလေး"

"အဲ့ဒါလေး ဒေါ်လေးဝယ်လာတဲ့စာအုပ်တွေထဲကတစ်အုက်လောက်ပေးချင်လို့" မရဲတရဲပြောလာတဲ့တူမဖြစ်သူရဲ့ ဦးခေါင်းကိုယ်အသာပုတ်ပြီး....

"ခွင့်တောင်းစရာလိုလို့လားသမီးရယ် ဒါတွေအားလုံးကသမီးပစ္စည်းတွေဘဲ သမီးစိတ်တိုင်းကျသလိုစီမံနိုင်တယ်"

#Unicode ငြိုးမာန်ဖွဲ့သူရဲ့အမုန်းကျိန်စာ #Zawgyi ငြိုးမာန်​ဖွဲ့သူရဲ့အမုန်းကျိန်Where stories live. Discover now