ကျောင်းမှာတီးတိုးပြောဆိုနေကြတာတွေကပိုပြီးပြင်ထန်လာတယ်။ တချို့ဆို ခင်နှင်းဆီကိုကိုယ်ထိလက်ရောက်ရိုက်နှိပ်တာတွေပါရှိလာခဲ့တယ်။ ဒီလိုအဖြစ်တွေရှိနေလည်းခင်နှင်းဆီကဘာမှမတုန့်ပြန်သလို ဘာစကားမှလည်းပြန်မပြော သူတို့လုပ်သလိုသာငြိမ်နေတယ် သူတို့ပြောတဲ့စကားတွေမကြားသလိုသာနေတယ်။ ခင်နှင်းဆီရဲ့အဖြစ်ကိုယ်မြင်ရတဲ့တစ်ဦးထဲသောသူငယ်ချင်းဖြသ်သူညိုမြမှာ တခြားသူတွေကိုယ်ဒေါသဖြစ်ပြီးအေးစက်နေနိုင်လွန်းတဲ့ခင်နှင်းဆီကိုပါအားမရဖြစ်လာတာကြောင့်.......
"နင်တို့တွေဘယ်လိုဖြစ်နေကြတာလဲ မကြာသေးခင်ကမှအဖေဆုံးထားလို့ခံစားနေရတဲ့လူတစ်ယောက်ကိုယ်မစာနာချင်နေပါ ခုလိုပုတ်ခတ်ပြီးမပြောပါနဲ့"
"ခင်နှင်းဆီ အဖေသေတာ ခင်နှင်းဆီကြောင့်ဆိုတာတစ်ရွာလုံးသိတယ် နင်ကဘာလို့သူ့ဘက်ကနာနေလဲ"
"ဘာကိုတစ်ရွာလုံးသိတာလဲ ခင်နှင်းဆီအဖေဆုံးတော့ငါကိုယ်တိုင်းသွားကြည့်လာတာ ဦးလေး ဦးဘသောင်းက ပိုးထိပြီးဆုံးတာဟဲ့ ဘာမှခင်နှင်းဆီနဲ့မဆိုင်ဘူး"
"သူကကျိန်စာသင့်နေတာလေး"
"အဲ့ဒါအရူးတွေဘဲယုံတာ ငါတော့မယုံဘူး အတိတ်ဘဝက လုပ်ခဲ့တဲ့ကုသိုလ် အကုသိုလ် တွေဒီဘဝမှာတစ်နည်းမဟုတ်တစ်နည်းနဲ့စံစားခံစားကြမှာဘဲအရာရာကဖြစ်ချိန်တန်ရင်ဖြစ်မယ်ပျက်ချိန်တန်ရင်ပျက်မယ် ဒါကတရားသဘောနဲ့ကြည့်ရင် ရိုးရှင်းပါတယ် ဘုရားမသိတရားမသိတဲ့သူတွေကတော့ဘယ်နားလည်ပါ့မလဲ"
"အောင်မှာ....ညိုမြနင်ကများတရားပေါက်နေသလိုလိုဘာလိုလို နင့်အမေနဲ့တိုင်ပြောမယ်"
"တိုင်လေး တိုင်ချင်တဲ့သူနဲ့သွားတိုင် တစ်ခုတော့ရှိတယ် ငါ့လက်ဖဝါးကဘယ်သူ့ပါးမှမရွေးဘူး ညိုမြဘယ်လောက်လက်သံပြောင်လဲသိချင်စမ်းကြည့်လေး"ပြောပြီး ခပ်လှမ်းလှမ်းမှာရပ်ပြီးကြည့်နေတဲ့ခင်နှင်းဆီရှိရာကိုယ်ညိုမြကထွက်လာပြီး....

YOU ARE READING
#Unicode ငြိုးမာန်ဖွဲ့သူရဲ့အမုန်းကျိန်စာ #Zawgyi ငြိုးမာန်ဖွဲ့သူရဲ့အမုန်းကျိန်
Paranormalnormal. gl