ရွာအောက်ပိုင်းထန်းတောမှအလောတကြီးရွာထဲတက်လာတဲ့ ရွာမျက်နှာဖုံးသူဋေကြီးဦးဘသောင်းရဲ့မြင်းလှည်းကိုယ်တွေ့တော့ရွာထဲကတီးတိုးစကားတွေနဲ့မြင်းလှည်းသွားရာလမ်းကိုယ်ကြည့်ပြီးကျန်ရစ်နေခဲ့ကြတယ်။"မလှမြိုင်ကြီးမမာလို့ဆို"
"ဟုတ်ပတော်မလှမြိုင်က အိပ်မက်ဆိုးတွေမက်လို့တဲ့"
"ကိုယ်ဝန်ကြီးနဲ့မဟုတ်လား"
"အဲ့ဒီကိုယ်ဝန်ကြောင့်ဘဲနေမှာ သူတို့မောင်နှမတွေကအမြုံတွေမလားဒီကိုယ်ဝန်ကဘယ်လိုရလဲမသိပါဘူးအေ့"
"ကျုပ်ယောကျာ်း ကိုမောင်လှငါးရှာထွက်ရင် တစ်နေ့မလှမြိုင်တို့ ခြံဘက်ရောက်တယ်တဲ့အဲ့တုန်းက မလှမြိုင်အော်သံတွေငိုသံတွေကြားရတယ်တဲ့"
" သနားတော့သနားစရာဘဲ ကိုဘသောင်း မလှမြိုင်ဆိုတာစိတ်သဘောထားပြည့်ဝတဲ့ဇနီးမောင်နှံတွေဘဲ ဘယ်လိုရေစက်တွေကြောင့် ခုလိုတွေဖြစ်လာရလဲမသိပါဘူး"
"ဟုတ်ပဟယ် ဆေးဆရာတွေလည်းစုံနေပြီးတဲ့ မလှမြိုင်ကသက်သာမလာဘူး ဟိုဘက်ရွာက ပယောဂဆရာကြီးပြောတာတော့ကိုယ်ဝန်ကိုယ်ဖျက်ချရမယ်တဲ့အဲ့ဒီကလေးကကျိန်စာသင့်နေတာတဲ့ သူမွေးလာရင်အားလုံးဒုက္ခရောက်မှာတဲ့"
"ဟယ်....သေချာလို့လား ကြောက်စရာကြီးဘဲ"
"သေချာတယ်ဆရာကြီးကတော်တော်အစွမ်းထပ်တာ မလှမြိုင်ကဆရာကြီးစကားနားမထောင်ဘဲကိုယ်ဝန်မဖျက်ချလို့ခုလိုဖြစ်နေတာ"
စိတ်မကောင်းဖြစ်စွာနဲ့ ကိုဘသောင်း မလှမြိုင်တို့တွက်စိတ်ထဲကဆုတောင်းပေးနေမိတော့တယ်။
....
"သခင်ကြီး...သခင်ကြီး...မွေးပြီး မိန်းကလေးတော့"
အခန်းရှေ့မှာရပ်နေတဲ့ကိုဘသောင်းကိုယ် အိမ်စေ
ဒေါ်ဋေကအပြေးပြောတယ်။"မလှမြိုင်ရော မာရဲ့လား" သခင်ကြီးရဲ့အမေးကိုယ်အိမ်စေဒေါ်ဋေကဖြေဖို့မဝံ့မရဲဖြစ်နေတယ်။ ငိုမဲ့မဲ့ဖြစ်နေတဲ့မဋေအမူယာကိုယ်ရိပ်မိတဲ့ကိုဘသောင်းကအခန်းထဲကိုယ်
အတင်းဝင်သွားတယ်။ အနှီးထုပ်လေးနဲ့ဖြူဖြူဖွေးဖွေးသမီးငယ်လေးဘေးမှာ အသက်မဲ့နေပြီးဖြစ်တဲ့ ဇနီးသည်ကိုယ်မြင်တွေ့လိုက်တယ်။ သမီးငယ်ရဲ့ငိုသံလေးကြားလိြက်ရတာကြောင့် ဦးဘသောင်းကလေးကိုယ်ချီကာ ရင်ခွင်ထဲပွေ့ဖက်ထားလိုက်ပြီး ဇနီးဖြစ်သည် မလှမြိုင်ကိုယ်စိတ်ထဲကနေ သမီးကိုယ် သေသေချာချာ စောင့်ရှောက်ပါ့မယ်လိုအကြိမ်ကြိမ်ဂတိပေးနေမိတယ်။ အသက်ကြီးပြီးဖြစ်သောလည်း အသက်ထပ်မကချစ်ရတဲ့ဇနီးမှာမိမိရင်သွေးကိုယ်မီးဖွားပြီးဆုံးသွားခဲ့ရတာကိုတွေးပြီး ဦးဘသောင်းရင်ထဲနစ်နေအောင်နာကျင်ကြေကွဲနေရှာတယ်။
![](https://img.wattpad.com/cover/288126876-288-k50962.jpg)
YOU ARE READING
#Unicode ငြိုးမာန်ဖွဲ့သူရဲ့အမုန်းကျိန်စာ #Zawgyi ငြိုးမာန်ဖွဲ့သူရဲ့အမုန်းကျိန်
Paranormalnormal. gl