"ငွေစန္ဒာရယ် ထိန်ထိန်သာ
တိမ်စင်ပြာပြာ မိုးဖျားထက်မှာလင်းကာပျိုးပျိုး ပျက်ရှိန်ဝါ
ပျော်စရာကွယ် ဒီအချိန်တိုင်းမောင်ရယ်အတူတူ နေချင်တယ်
ငွေသောင်ခုံပေါ် တွဲလျှောက်လို့ရယ်စကားတွေတတွတ်တွတ် ပြောချင်တယ်
နှစ်ဦးသား အချစ်တွေဖလှယ်...."ကျယ်ဝန်းတဲ့ခြံကြီးထဲလှပစွာပွင့်လန်းနေတဲ့ပန်းလေးတွေကိုကြည့်ရင်းအသံလွင်လွင်လေးနဲ့သီဆိုနေတဲ့ကောင်လေးတစ်ယောက်နာမည်ကနွေယောသံတဲ့။ယောသံအသက်(၁၈)နှစ်လောက်မှာအဖေဆုံးပါးသွားခဲ့သည်အမေကပဲအဖေလိုရောအမေလိုရောကျွေးမွေးစောင့်ရှောက်လာခဲ့ခြင်းဖြစ်သည်။အခုယောသံအသက်က(၂၆)နှစ်ရှိပြီမို့အမေ့ကိုပြန်ပြုစုရပေသည်။အမေ့အလုပ်များကိုဦးစီးဦးဆောင်ပြုလုပ်ရတော့သည်အမေ့ကိုစိတ်ချမ်းသာသာနဲ့ထားပေးချင်တာကြောင့်အလုပ်တွေကြိုးစားလုပ်ပေးသည်အချိန်တိုင်းလဲအလုပ်ထဲတွင်သာစိတ်နစ်နေတတ်သည်။အလုပ်လုပ်ရာတွင်လဲစေ့စပ်သေချာသည်ဒါကြောင့်လဲစီးပွားရေးနယ်ပယ်တွင်နာမည်ရှိလူငယ်သူဠေးတစ်ဦးဖြစ်သည်။အဖေ့ခြေရာနင်းနိုင်သည့်သားတစ်ဦးဖြစ်တာမို့လူတိုင်းကချီးကျူးအားကျကြသည်ချောမောသည့်ရုပ်သွင်ရှိတာမို့ပျိုမဒီတွေလည်းဝိုင်းနေတတ်သည့်အပြင်တခါတရံအမျိုးသားများကပါချစ်ရေးဆိုတတ်သေးသည်။
ယောသံလူတိုင်းအပေါ်နွေးထွေးစွာဆက်ဆံပေးသည်ကြင်နာပေးသည်။ယောသံကပန်းကလေးတွေကိုလဲမြတ်နိုးသေးသည်ဒါကြောင့်လဲခြံဝန်းထဲတွင်ပန်းပေါင်းစုံစိုက်ပျိုးထားသည်အားလပ်ချိန်တိုင်းပန်းကလေးတွေကိုကိုယ်တိုင်ရေလောင်းပေါင်းသင်သည်မေမေနဲ့အတူခြံထဲလမ်းလျှောက်ပေးရင်းပန်းကလေးတွေအကြောင်းလဲရှင်းပြပေးတတ်သည်တခါတခါပန်းတွေကိုကြည့်ရင်းသီချင်းတွေလဲညည်းတတ်သေးသည်။
ယောသံသည်စိတ်ထားရောရုပ်ရည်ရောအလွန်ကောင်းမွန်သည်ခြောက်ပေနီးပါရှိတဲ့အရပ်သေးသွယ်လှပပြီးအဆီပိုမရှိတဲ့ခါးနူးညံ့တဲ့ခန္တကိုယ်ဖြူမွေးတဲ့အသားအရည်ရှိသည်။လည်ဂုတ်လောက်အရှည်ထားသောဆံကေသာကိုတစ်ဝက်ကိုချထားပြီးတစ်ဝက်ကိုထုံးထားတတ်သည်။ယောသံတွင်ဖန်ဂေါ်လီကဲ့သိုကြည်တောက်ပြီးအရည်လဲ့နေသောမျက်ဝန်းတစ်စုံလည်းရှိသေးသည်။ယောသံသည်အားလုံးခြုံကြည့်ရင်ပြီးပြည့်စုံသောအမျိုးသားတစ်ယောက်ဖြစ်သည်။သို့သော်ရည်စားချစ်သူထားသည်ကိုလဲမတွေ့ဘူးသေးပါဝိုင်းဝိုင်းလည်နေပါသော်လဲအခုထိအေးဆေးတည်ငြိမ်စွာနေထိုင်နေတုန်းပင်။
![](https://img.wattpad.com/cover/288301190-288-k200608.jpg)
YOU ARE READING
Default Title - မောင့်နွေယောသံ
Action"ချစ်တယ်"လို့မပြောပဲနဲ့မတရားသိမ်းပိုက်လို့မရဘူးအရူးကောင်ရဲ့ ရက်စက်ထက်ခြွေ - နွေယောသံ 19.11.2021