Part - 5

24 0 0
                                    

"ကိုယော အလုပ်သွားရင်ဂရုစိုက်သွားနော်"

"ဒီလမ်းတွေငါသွားနေကျပါ အံ့ညိုရဲ့ခုမှဘာထဖြစ်တာလဲ"

"ကိုယ့်အကိုကိုစိတ်မပူရတော့ဘူးလား"

"အေးပါ ပူပါငါသွားပြီလိုတာရှိဝါနုကိုခိုင်းနော်အပြင်တွေလဲသိပ်မထွက်နဲ့မင်းတစ်ခုခုဖြစ်ရင်ဒေါ်လေးတို့ကငါ့ကိုဆူနေပါဦးမယ်"

"အင်းပါဗျာသွားပါ"

ရက်စက်ထက်ခြွေကမိမိအကိုကိုချစ်ကြောင်းပြောထားသည်မို့တစ်ဇွတ်ထိုးကောင်ကြောင့်စိတ်ပူမိသည်..ဘာမှမသိတဲ့အကိုကတော့အေးချမ်းနေတုန်းပင်အလုပ်မှာထက်မြတ်သလောက်လူကဲခတ်တဲ့နေရာတွေနဲ့လူတွေအကြောင်းကိုဘာကြောင့်ညံ့နေရပါသနည်းငါ့အကိုလဲစာဂျပိုးထက်ဆိုးတဲ့အလုပ်ဂျပိုးပင်။

အံ့ညိုထွက်သွားသည့်အကိုကိုစိတ်မပူပေမယ့်စိတ်မချပေဒါပေမယ့်အကိုထွက်တာနဲ့ကိုယ်ကတော့ထုံးစံအတိုင်းရပ်ကွက်ထဲလှည့်၍ဆော်ပိုးတော့မည်..

"ဒေါက် ဒေါက် "

"ဝင်ခဲ့ပါ"

"ဟေ့ကောင်ယောသံဒီနေ့ပန်းခြံသွားရအောင်ငါချစ်နေတဲ့ကောင်မလေးကိုဖွင့်ပြောမလို့"

"မင်းမောင်ရယ် ဟုတ်မှလဲလုပ်ပါဘာငါချစ်တဲ့ကောင်မလေးလဲမင်းချစ်တဲ့ကောင်မလေးတွေကတစ်ကမ္ဘာလုံးနဲ့ရှင်ရင်တောင်တစ်ဝက်လောက်ကိုမင်းကချစ်နေတာကို"

"မင်းကလဲကွာအချစ်ဆိုတာသိမ်းဆည်းလို့ကောင်းတာမဟုတ်ဘူးဖွင့်ထုတ်ပြီးအားလုံးကိုဝေမျှပေးမှတရားမှာပေါ့"

"အမလေး မင်းအပြောကြောင့်တရားသူကြီးတွေထမင်းငတ်ကုန်ပါ့မယ်"

"ကဲပါကွာ လိုက်ခဲ့ပါမင်းကလဲသူငယ်ချင်းအချင်းချင်းကို ငါတစ်ယောက်တည်းဆိုတော့သူငြင်းလွှတ်ရင်အားငယ်လို့ပါ"

"မင်းလိုကောင်ကိုငြင်းလွှတ်မဲ့သူကခပ်ရှားရှားရယ်ပါ ငါကဘာလိုက်လုပ်ရမှာလဲ"

မင်းမောင်သူ့အားတစ်ခွန်းမကျန်ပြန်ခွပ်နေသည့်ယောသံကြောင့်အမောပင်စို့လာသည်..နောက်ဆုံးဘာလုပ်ပေးရမလဲကြားမှာသက်ပြင်းချလိုက်သည်၊တော်တော်ရှည်တဲ့အကောင်အရပ်အတိုင်းပဲ ဟွန့်..

Default Title -  မောင့်နွေယောသံWhere stories live. Discover now