မနက်ခင်းပြတင်းပေါက်မှနေပျောက်လေးများနဲ့ပန်းနံ့သင်းသင်းလေးများကယောသံအတွက်ကြည်လင်သောနိုးထခြင်းကိုဆောင်ယူလေသည်။ယောသံအိပ်ယာမှထကာအကြောဆန့်ရင်းရေချိုးခန်းထဲဝင်သွားတော့၏။
အောက်ထပ်ကိုရောက်တော့မေမေကမနက်စားစာရန်စောင့်နေသည်တဲ့လေ.."မေမေ "
"သား လာလေမေမေပြောစရာလဲရှိသေးတယ် "
"ဟုတ် ပြောပါမေမေ"
ယောသံမနက်စာစားရင်မေမေပြောတာကိုနားထောင်နေလိုက်သည်
"မေမေလဲအသက်မငယ်တော့ဘူးသားရယ်မေမေရိပ်သာဝင်ချင်တယ်အများကြီးမဟုတ်ပါဘူးတစ်ပတ်လောက်ပါပဲ"
မေမေကိုကြည့်ရတာပြောသာပြောနေရတာကျနော့်ကိုစိတ်မချဘူးထင်ပါရဲ့။ကျနော်မေမေကိုပြုံးပြရင်း သွားဖို့အကြောင်းစိတ်မပူဖို့အကြောင်းတွေပြောမိသည်။မေမေကျနော်အတွက်အများကြီးကြိုစားခဲ့တယ်လေအခုမေမေစိတ်ချမ်းသာဖို့ပဲအရေးကြီတယ်..
"အ့တာဆိုမေမေစိတ်ချမယ်နော်သား"
မေမေစိတ်ကျေနပ်အောင်ပြုံးပြုံးရွှင်ရွှင်နဲ့စကားဆိုရသေးသည်
"စိတ်ချပါမေမေရာ မသိရင်အကြာကြီးခွဲရမှာကျလို့ အဟီး"
"သားအသက်လဲမငယ်တော့ဘူးနော်ကြင်ဖော်လေးမရှာသေးဘူးလား"
မေမေပြောလိုက်တဲ့စကားကနဲနဲတော့ကသိကအောက်ဆန်သည် ကိုယ်ကကြင်ဖော်မရှာချင်သေးတာခက်သည်အကောင်းကြီးကနေဘာလို့အ့စကားကိုရောက်သွားသလဲမေမေရာ ယောသံမအီမသာမျက်နှာနဲ့မေမေကိုကြည့်ကာ
"ဟို ..သားအချိန်တန်ရင်ရှာပါမယ်မေမေရာနော်စိတ်ချ ဒါနဲ့မေမေဘယ်နေ့သွားမလဲသားလိုက်ပို့ပေးမယ်လေ"
မေမေအားစကားလမ်းကြောင်းလွှဲမှဖြစ်မည်တော်ကြာဖြေစရာကမရှိခက်ရချည်ရဲ့
မေမေကတော့ပြုံးရုံသာပြုံးပြီးကိုယ့်သားအကြောင်းနားလည်သွားသည့်ပုံပင်"မေမေမနက်ဖြန်ပဲသွားမယ်သား မေမေသားလေးကလိမ္မာပြီးသားမို့ စိတ်မပူတော့ဘူးနော်"
"ဟုတ် မေမေအ့ဆိုသားအလုပ်သွားတော့မယ်နော် "
______________________________________
YOU ARE READING
Default Title - မောင့်နွေယောသံ
Action"ချစ်တယ်"လို့မပြောပဲနဲ့မတရားသိမ်းပိုက်လို့မရဘူးအရူးကောင်ရဲ့ ရက်စက်ထက်ခြွေ - နွေယောသံ 19.11.2021