Part-3

27 1 0
                                    

ယောသံအိမ်ရှေ့ကိုကြည့်ရာခြံရှေ့တွင်အနက်ရောင်ကားတစ်စီးရောက်နေသည်။ဒါအံ့ညိုကိုများပြဿနာလာရှာတာလား၊သူတို့ကငါ့အိမ်ကိုဘယ်လိုသိသွားတာလဲ။ယောသံလဲအိမ်အပေါ်ထပ်ဝရံတာမှတက်ကြည့်မိသည်တွေ့ရသည်ကအံ့ညိုကိုထိုးလိုက်တဲ့လူ ကားကိုမှီလို့ယောသံကိုပြန်ကြည့်နေသည်၊ဒီလူရဲ့ပုံစံကလူဆိုးလူမိုက်ပုံစံပဲဝေးဝေးကရှောင်တာပဲကောင်းတယ်လို့တွေးရင်အိမ်ထဲသို့ပြန်ဝင်လိုက်သည်။

ရက်စက်ဒီနေ့မြင်ချင်ရတဲ့မျက်နှာလေးကိုမြင်လိုက်ရသည်မို့ပျော်မိပါသည်၊သေချာတာကတော့အံ့ညိုဆိုတာငါ့ရဲ့ယောဖလောင်းကြီးပါလား ခက်တာကကိုကိုကသူ့ကိုမြင်တာနဲ့အိမ်ထဲကိုဝင်သွားတော့တာပါပဲ..ကိုကိုနဲ့တွေပြီးကတည်းကကိုကိုအကြောင်းတွေစုံစမ်းထားမိသည်ကိုကိုကကျနော်ထက်အသက်ကြီးမယ်လို့မထင်ထားခဲ့ပါ။

🎵မင်းတို့ရဲ့ရပ်ကွက်ထဲဇိုးဘဲတွေသိပ်ပေါလို့ခါးကြားထဲဓားထိုးပြီးတော့..

မင်းဆီလာခဲ့မလို့အိမ်ရှေ့ထွက်ခဲ့ပါတော့မင်းမျက်နှာလေးကိုငါငေးဖို့ ..

မင်းနဲ့မှချစ်တတ်ခဲ့တဲ့ဘဝကိုနင်သိဖို့အကြိမ်ကြိမ်ငါနီးဖို့ကြိုးစားလဲမင်းကနှာခေါင်းလေပိတ်ကာပြေးထွက်ခဲ့..

ဒီလူငိုသံဟာမကြမ်းတမ်းဘူး...ဟေ့
လူမိုက်ကြီးတစ်ယောက်မို့မင်းမချစ်တာလားဒါပေမယ့်မင်းတစ်ယောက်အတွက်ဆိုယုန်သူငယ်လိုပါ !

ငါအရမ်းချစ်ခဲ့တာပါဓားချင်းခုတ်ချိန်မှာတောင်မင်းအကြောင်းတွေး ..နူးညံ့တဲ့စိတ်ဓာတ်လေးတွေမင်းတစ်ယောက်အတွက်ငါတွေးသော်လည်း...

ဒဏ်ရာတွေအများကြီးရချိန်မှာမင်းဓားရှမှာကိုငါတွေးပြီးဆွေး..
လူမိုက်တစ်ယောက်ကိုမချစ်နိုင်ဘူးတဲ့ငါအသည်းနုတာမင်းမသိပဲကွယ်နင်သိပ်ရက်စက်တယ်....🎵

အချိန်တောင်အတော်မှောင်နေပြီဘယ်လိုလူကမိမိအိမ်ရှေ့မှာသီချင်းလာဆိုနေပါသနည်း၊ယောသံအိမ်ရှေ့ထွက်ကြည့်တော့သေချာပါတယ်ဟိုလူပဲလူအိပ်ချိန်ဆိုတာကိုမသိဘူးလား၊
ရက်စက်မြင်လိုက်ရသည်အိမ်ထဲကအရိပ်လေးတစ်ခုမိမိရှိရာခြံတံခါးဆီသို့လာနေတာကိုပေါ့...

Default Title -  မောင့်နွေယောသံWhere stories live. Discover now