ဒီနေ့ကတစ်ပတ်မြောက်နေ့။
မထင်ထားလောက်အောင်ကို ရက်တွေဆက်နေခဲ့တာက သူဖျားပြီး နေပြန်ကောင်းသွားတဲ့နောက်နေ့မှာ ကိုကိုက တရုတ်ကို အလုပ်ကိစ္စနဲ့ အရေးတကြီးထွက်သွားရသည်။ကိုကိုပြန်လာမယ့်နေ့ရဲ့ရှေ့တစ်ရက်မှာကျ သူကကျောင်းကလွှတ်တဲ့campကို လိုက်သွားရတော့ သူတို့မတွေ့ရတာ တစ်ပတ်လောက်ကိုရှိသွားခဲ့တာ။သေချာပေါက်ကို ကိုကိုကတော့ အေးအေးဆေးဆေးပေမဲ့ သူတစ်ယောက်တည်းကသာ နေမထိထိုင်မသာဖြစ်နေခဲ့တာလေ။ခုလည်း campက ပြန်ရောက်ရောက်ချင်း အိမ်တန်းမပြန်ဘဲ Driver Arjushiကို ကိုကို့ကုမ္ပဏီဆီ အရင်မောင်းခိုင်းခဲ့တာကြည့်တော့။
ကုမ္ပဏီရှေ့ရောက်တော့ ၁၂နာရီပတ်ဝန်းကျင်။ကိုကို့ကို နေ့လယ်စာဝယ်ကျွေးခိုင်းပြီး အိမ်လိုက်ပို့ခိုင်း မဟုတ်ရင် တူတူစောင့်ပြန်မယ်ဟု တွေးကာ Arjushiကို သူ့အထုတ်အပိုးတွေနှင့်သာ အရင်ပြန်ခိုင်းလိုက်သည်။
Elevatorနှင့်တစ်ထပ်ချင်းတက်လာရင်း ဟယ်ချန်း ခံစားနေရတာက စိတ်လှုပ်ရှားသလို လွမ်းနာကျသလို စိတ်မရှည်သလို ဘာမှန်းကိုမသိတဲ့ခံစားချက်။အဲ့ဒီအထူးအဆန်းခံစားချက်ကြီးကြောင့် သူအရင်လို "ကိုကို"လို့အော်ခေါ်ဖို့တောင် မတွေးဖြစ်ဘဲ ကိုကို့ရုံးခန်းဆီသာ တန်းပြေးသွားခဲ့မိတာ။
ဒါပေမဲ့ သူအခုချိန်မှာလိုအပ်နေတာက ရက်ကြာကြာတောင့်တခဲ့ရတဲ့ကိုကို့ရင်ခွင်ထဲတိုးဝင်ဖို့တစ်ခုတည်းသာမို့ lockချထားတဲ့ရုံးခန်းက သူ့ကို အောင့်သက်သက်နဲ့ခံစားရခက်စေလွန်းတယ်။
သူဒီနေ့လယ်ပြန်ရောက်မယ်လို့ ကိုကို့ကိုပြောခဲ့တယ်မလား။သူနဲ့တစ်သက်လုံးအတူရှိနေခဲ့တဲ့ကိုကိုဆို သူပြန်ရောက်ရောက်ချင်း ကုမ္ပဏီတန်းလာမှာကို သိသင့်တယ်မလား။တကယ်လို့မသိရင်တောင် lockချခဲတဲ့ကိုကိုက သူ့ထက်အရေးကြီးတဲ့ဘာကိစ္စကိုလုပ်နေရလို့များလဲ...။
"ဟယ်ချန်း~shi Bossက meetingထိုင်နေလို့ပါ ကျွန်မအကြောင်းကြားပေးရမလားဟင်"
သူ့နားရောက်လာကာ မေးလာတဲ့Secretaryကို သူခေါင်းခါပြကာ
"ဟင့်အင်း ရပါတယ် ဒါပေမဲ့ meetingက ဘယ်သူနဲ့ထိုင်နေတာလဲ ပုံမှန်လုပ်နေကျhallထဲမှာမဟုတ်ဘဲ ရုံးခန်းထဲဆိုတော့"
