"ကိုကို.........."
လူမလာခင်အသံအရင်လာတတ်တဲ့ပါဝါကို ပိုင်ဆိုင်ထားတဲ့ လီဟယ်ချန်းဆိုသည့်အတိုင်း လူကရုံးခန်းထဲရောက်မလာသေး အသံကို သူစကြားနေရပြီဖြစ်သည်။
မာ့ခ်လီတစ်ယောက် စားပွဲခုံပေါ်က စာရင်းစာရွက်တွေကြား ခေါင်းနှစ်နေရင်းကနေ မကြာခင်ပွင့်လာတော့မယ့်တံခါးပေါက်ဆီ သူ့အကြည့်တွေကို ပြောင်းထားလိုက်သည်။
တံခါးပွင့်လာပြီး သူ့ဘေးကို ဟယ်ချန်းရောက်လာဖို့က သုံးစက္ကန့်မျှသာကြာလိုက်သည်ထင်သည်။
နာရီကြည့်တော့ ပုံမှန်ကျောင်းဆင်းချိန်။ဟယ်ချန်းက ကျောင်းuniformဝတ်ထားကာ လွယ်အိတ်ကိုတစ်ဖက်ကလွယ်ထားတာမြင်တော့ ကျောင်းဆင်းဆင်းချင်း သူ့ဆီလာမှန်း သူသိလိုက်သည်။
"ဒီနေ့အချိန်ပိုမရှိဘူးပေါ့"
"ဟုတ် ကိုကို
ပြီးတော့ ဖေဖေနဲ့မေမေက တရုတ်ကနေ မနက်ဖြန်မှ ပြန်ရောက်မှာလေ အာ့ကြောင့် အိမ်လည်းစောစောမပြန်ချင်လို့""ဦးလေးတို့အိမ်မှာရှိတော့ရော စောစောပြန်တာကျန်လို့"
သူမျက်ခုံးတစ်ဖက်ပင့်ကာပြောတော့ ဟယ်ချန်းက အရင်ကလို မျက်လုံးလေးတွေမှိတ် သွားလေးတွေပေါ်အောင် ပြုံးပြသည်။
သူနဲ့သွေးအရတော်စပ်မှုမရှိပေမဲ့ ဟယ်ချန်းက ညီအရင်းတစ်ယောက်လို သူချစ်ရတဲ့ကလေး။မိဘတွေကလည်း သူတို့ငယ်ငယ်ကတည်းက လုပ်ငန်းပါတနာ မိတ်ဆွေတွေဖြစ်တာကြောင့် တစ်ယောက်အိမ်ကိုတစ်ယောက် တံခါးမရှိဓားမရှိ ဝင်ထွက်လေ့ရှိကြသည်။
ဒါပေါ့...သေချာပေါက် ဟယ်ချန်းက သူ့အိမ်ကိုလာတာ ပိုများတာ။
ဘယ်လောက်တောင်ချောင်းပေါက်မတတ်လာလဲဆိုရင် မသိတဲ့သူဆို ဟယ်ချန်းကို သူ့အိမ်ကလူလို့ထင်နိုင်သည်အထိ လာသည်။အိမ်ကမိဘတွေကလည်း လီဟယ်ချန်းဆိုရင် သည်းသည်းလှုပ်အလိုလိုက်ကြသည်မှာ သားအရင်းသူကပင် မွေးစားသားလို ခံစားရတဲ့အထိ။ဒုတိယထပ်ကသူ့အိပ်ခန်းနားမှာ ဟယ်ချန်းအတွက် အိပ်ခန်းတစ်ခန်းလုပ်ပေးထားသည်ဟုပြောလျှင် သူဘာပြောချင်မှန်း နားလည်သွားမည်ထင်သည်။