Part3

308 38 0
                                    

အဲ့ဒီနေ့နောက်ပိုင်း သူနဲကိုကိုမတွေ့ဖြစ်သလို ဖုန်း မက်ဆေ့ချ် ဘယ်နည်းနဲ့မှလည်း မဆက်သွယ်ဖြစ်။အစကတည်းက သူတစ်ယောက်တည်းကသာ ဆန္ဒရှိနေခဲ့တဲ့ဆက်ဆံရေးမို့လို့ထင် ခြောက်ကပ်နေတဲ့Conversationတွေကလှောင်ရယ်ချင်စရာကောင်းလှသည်။ဒါပေမဲ့ ဒါတွေကို သူကပဲတောင်းဆို လုပ်ယူခဲ့တာမဟုတ်လား။ဘယ်သူ့ကို သွားအပြစ်တင်လို့ရမှာတဲ့လဲ။

လွယ်အိတ်လွယ်ပြီး အောက်ဆင်းခဲ့တော့ ဧည့်ခန်းထောင့်က နေကြာပန်းအစည်းdecorationလေးက သူ့မျက်လုံးထဲ လှလှပပဝင်ရောက်လာသည်။ဒီရက်ပိုင်း မေမေက နေကြာပန်းတွေကို သဘောကျနေသည်ထင်သည်။နေကြာပန်းကိုအဓိကထားထားတဲ့decorationပုံစံစုံကို သူတွေ့နေရတာ သုံးလေးရက်လောက်တောင် ရှိပြီလေ။

သူကရော ထိုနေကြာပန်းတွေလိုပဲလား...။
တစ်သက်လုံး နေမင်းလို ကိုကို့ကို မျက်နှာမူဦးတည်ပြီး ရှင်သန်ခဲ့ပေမဲ့ နောက်ဆုံးမှာတော့ ညီအစ်ကိုဆိုတဲ့ဖြစ်တည်မှုထက် ဘာမှမပိုနိုင်တဲ့ လူတစ်ယောက်.....။

"ဟယ်ချန်းနား ကျောင်းဆင်းရင်ငါတို့နဲ့မုန့်လိုက်စားမလား"

"လီဟယ်ချန်းလား ငါတို့နဲ့လိုက်မှာ သူ့ကိုကိုဆီပဲသွားမှာပေါ့"

"Yaa...နာဂျယ်မင်း ငါလိုက်မှာဟ"

ဂျယ်မင်းကိုသူအော်ပြောတော့ သူ့ကိုစမေးတဲ့ဂျယ်နိုရော အအော်ခံရတဲ့ဂျယ်မင်းရော ကျန်တဲ့သူငယ်ချင်းသုံးယောက်လုံးက မေးရိုးတွေ မြေကြီးပေါ် ကျသွားတဲ့ပုံစံတွေနဲ့ သူ့ကိုစိုက်ကြည့်လာသည်။သူထူးခြားနေတာတော့မှန်ပေမဲ့ အဲ့လောက်ထိတော့မလိုဘူးမလား။ဘယ်လိုအရူးကောင်တွေကို သူငယ်ချင်းတော်ထားရပါလိမ့်။

"ဘာလဲဘာလဲ ငါနားကြားမှားတာများလား လီဟယ်ချန်းကငါတို့နဲ့လိုက်မယ်?"

"မင်းကိုကိုနဲ့ရန်ဖြစ်ထားတာလား"

"အဲ့လိုပြောလို့ရပေမဲ့ ငါကိုယ်တိုင်ကမင်းတို့နဲ့လိုက်ချင်တာလည်းပါပါတယ် ငါတို့အထက်တန်းနှစ်ဝက်တောင်ကျော်ပြီကို ငါ့သူငယ်ချင်းတွေနဲ့ တစ်ခါမှသေချာလျှောက်မလည်ဘူးလို့"

FAVORITEDonde viven las historias. Descúbrelo ahora