Chapter - 2 ( အတိတ်ကလွင့်မျောနေတဲ့တိမ်တိုက်လေးလိုဘဲ )

261 45 0
                                    


~ Unicode ~

လီချန်းနဲ့လီရွေ့ ကသွေးသားတော်စပ်တဲ့သူတွေမဟုတ်ဘူးတိုက်ဆိုင်စွာနဲ့ဘဲ မျိုးရိုးနာမည်တူကြပြီးသူတို့ရဲ့မိဘတွေကလည်းအချင်းချင်းသိကြတဲ့ငယ်သူငယ်ချင်းတွေ

အရင်တုန်းကသူတို့နှစ်အိမ်ခြံဝင်းတစ်ခုထဲမှာ တူတူနေကြပြီးနောက်ပိုင်းအဆောက်ဦးတစ်ခုတည်းမှာရှိတဲ့မျက်နှာချင်းဆိုင်တိုက်ခန်းတွေဆီပြောင်းခဲ့ကြတယ်

သူတို့အမေနှစ်ယောက်လုံးကိုယ်ဝန်လွယ်ထားရတဲ့အချိန်တုန်းကဆို နှစ်ဖက်လုံးကသူတို့ကလေးတွေကိုလက်ထပ်ပေးကြမယ်ဆိုပြီးတောင် စနောက်နေကြသေးတယ်

လီရွေ့ကလီချန်းထက် ၄၅ရက်လောက်စောပြီးမွေးတော့ လီရွေ့အမြဲတမ်း လီချန်းရဲ့အစ်ကိုကြီးလိုပြုမူတတ်တယ် သူတို့တူတူကစားတဲ့အချိန်ဆို လီချန်းဘာပြောပြောအကုန်လုပ်ပေးတယ်

သူတို့နှစ်ယောက်လုံးကငယ်ကတည်းကတပူးပူးတတွဲတွဲနေလာခဲ့ကြတာ တစ်ခါမှမခွဲဖူးဘူး မူကြိုကနေတက္ကသိုလ်ရောက်တဲ့ထိ ကျောင်းတူတူတက်တယ် နောက်ပိုင်းလီရွေ့အဖွားက အခုသူတို့အလုပ်လုပ်နေတဲ့ဆေးရုံမှာ တူတူအလုပ်ဝင်နိုင်အောင်ကူညီပေးခဲ့တယ်

လီချန်း သူလီရွေ့အပေါ်ထားတဲ့ခံစားချက်တွေကထူးဆန်းနေတာကို သူ့အသက် ၁၃နှစ်အရွယ်နွေရာသီအားလပ်ရက်္တုန်းကကမ်းခြေသွားကြတဲ့အချိန်မှာ သိခဲ့တာ

ပြာလဲ့နေတဲ့ကောင်းကင်အောက်က နွေးထွေးတဲ့သဲသောင်ပြင်ပေါ်မှာ လီရွေ့ကသူ့ခန္ဓာကိုယ်အပေါ်ပိုင်းလှစ်ဟပြထားပြီးသူ့မျက်နှာပေါ်ကအပြုံးလေးက နေမင်းကြီးထက်ပိုတောက်ပနေတယ်

လီချန်းနှလုံးသားလေးက တစ်နေကုန်တုန်လှုပ်နေပြီး သူလီရွေ့ကိုမျက်နှာချင်းမဆိုင်ရဲဘူး

သူ့ရဲ့ပူလောင်နေတဲ့အရေပြားကို လီရွေ့ကသူ့လက်ချောင်းလေးတွေနဲ့လာထိတော့ သူ့ကိုယ်သူမထိန်းချုပ်နိုင်ဘဲတုန်လှုပ်သွားတယ်

လီရွေ့ သူ့ချက်ကိုမတော်တဆထိမိတဲ့အချိန်မှသူသတိပြန်ဝင်လာတယ်

သူ့ရဲ့လီ‌ေရွ့အ‌ေပါ် လွဲမှားနေတဲ့အတွေးတွေကြောင့်ရှက်သွားပြီ နွေရာသီအားလပ်ရက်တလျှောက်လုံး အပြစ်ရှိသလိုခံစားခဲ့ရတယ်

ငါ့ထက္မင်းကိုပျော်ရွှင်စေချင်တယ် ( Myanmar Translation ) ( Completed )Where stories live. Discover now