Chapter - 5 ( ငါသတိရနေမှာပါ )

548 72 4
                                    


~ Unicode ~

၆လကြာပြီးနောက်...

မနက်စောစောတံခါးလာခေါက်တဲ့အသံကြောင့် လီရွေ့နဲ့ လင်းရွှယ်နိုးလာခဲ့တယ် လီရွေ့အိပ်ယာကထလိုက်ပြီးအဝတ်စားသေချာပြန်ဝတ်ကာ တံခါးသွားဖွင့်လိုက်သည်

"မနက်ငါးနာရီဘဲရှိသေးတာကို ဘယ်သူလာတာလဲ? "

တံခါးကိုဖွင့်လိုက်ပြီး မြင်လိုက်ရတဲ့သူကြောင့်လီရွေ့ခဏကြောင်သွားတယ် တခြားသူမဟုတ်ဘဲ လီချန်းရဲ့အမေလင်ရှုချင်ဖြစ်နေတယ် သူမမျက်လုံးတွေကနီရဲပြီးဖောင်းကားနေကာ လူကလည်းစိတ်ဓာတ်ကျနေတဲ့ပုံပေါ်တယ်

"အမေဘာဖြစ်လာတာလဲ? အထဲဝင်ပြီးဘာဖြစ်လို့လဲဆိုတာကျွန်တော်ကိုပြောပြပါဦး ကျွန်တော်ဘာကူညီပေးရမလဲ? "

"ရှောင်ရွေ့ ငါ...ငါမင်းကိုပြောစရာရှိတယ်"

"ဟုတ်ကဲ့ ကျွန်တော့်ကိုပြောပါဘာဖြစ်လို့လဲ? အဖေနှလုံးထဖောက်လို့လား? "

လင်ရှုချင်နှုတ်ခမ်းတွေတုန်နေပြီး သူမအသံကလည်းအက်ကွဲနေသည်

"သူထွက်သွားတော့ သူမင်းကိုဘာမှမပြောဖို့ငါ့ကိုတောင်းဆိုခဲ့တယ် ဒါပေမယ့်ငါသူ့အတွက်စိတ်မကောင်းဖြစ်လွန်းလို့ ငါမပြောဘဲမနေနိုင်ဘူး သူကမင်းကိုဘာမှမပြောဘဲအကုန်သူ့ရင်ထဲမှာဘဲသိမ်းထားခဲ့တာ သူသာအမေ့ကိုပြောပြခဲ့မယ်ဆိုရင် သူ့ကို blind dateတွေအတင်းသွားမတွေ့ခိုင်းခဲ့ပါဘူး လက်ထပ်ဖို့လည်းမတိုက်တွန်းခဲ့ပါဘူး သူ့ကိုစကားနားမထောင်ခဲ့လို့ဆိုပြီးဆူခဲ့မိသေးတာ wahh...."

ပြောရင်းငိုနေတဲ့လီချန်း‌အမေကိုကြည့်ရင်း လီရွေ့နားမလည်သေးပေမယ့် မကောင်းတာတစ်ခုခုကိုခံစားနေရပြီး သူ့တစ်ကိုယ်လုံးလေအေးတွေဖြတ်တိုက်သွားသလိုဘဲ

"အမေဘာတွေပြောနေတာလဲ? ရှောင်ချန်းချန်းထွက်သွားတာနှစ်ဝက်လောက်ရှိနေပြီကိုသူက ကျွန်တော်ကိုဘာမပြောပြစေချင်တာလဲ? သူဂျပန်မှာတစ်ခုခုဖြစ်လို့လား? "

လီရွေ့ လင်ရှုချင်ရဲ့ပခုံးကိုဆုပ်ကိုင်ပြီးစိတ်ရှုပ်ထွေးစွာနဲ့မေးလိုက်သည် သူ့နှလုံးသားထဲမှာတစ်ခုခုမှားနေသလိုခံစားနေရပြီး သူ့ခေါင်းထဲမှာတောင်ရှင်းရှင်းလင်းလင်းမတွေးနိုင်တော့ဘူး

You've reached the end of published parts.

⏰ Last updated: Oct 24, 2021 ⏰

Add this story to your Library to get notified about new parts!

ငါ့ထက္မင်းကိုပျော်ရွှင်စေချင်တယ် ( Myanmar Translation ) ( Completed )Where stories live. Discover now