Chapter - 4 ( နောက်ဆုံးနှုတ်ဆက်ချိန် )

307 51 2
                                    


~Unicode ~

သူဒီနေ့ဆေးစစ်ထားတဲ့ရလဒ်ကိုသိရမယ့်နေ့
လီချန်းဆေးရုံကနေစောစောထွက်လာပြီး ဦးနှောက်နှင့်အာရုံကြောအထူးကုဌာနကိုသွားလိုက်တယ်

သူ ဆရာဝန်ဆွေးနွေးခန်းထဲဝင်သွားတော့ သက်လတ်ပိုင်းအရွယ်ဆရာဝန်က လီချန်းကိုစိတ်မကောင်းတဲ့အကြည့်နဲ့ကြည့်နေတယ် ဆရာဝန်ကအစကတုံ့ဆိုင်းနေသေးပေမယ့်သူပြောစရာရှိတာကိုတော့ဆက်ပြောတယ်

"လီချန်း မင်းကလည်းဆရာဝန်တစ်ယောက်ဆိုတော့ ငါကွေ့ပတ်ပြီးပြောမနေတော့ဘူး"

လီချန်းခေါင်းငုံ့ပြီးပြုံးလိုက်ကာ

"ဦးနှောက္မှာအကြိတ်တည်နေတာလား? "

သက်လတ်ပိုင်းဆရာဝန်ကခဏလောက်တန့်သွားပြီး

"ဟုတ်တယ် အကြိတ်ကဦးနှောက်ရဲ့ပင်မသွေးကြောတွေနဲ့အရမ်းကပ်နေလို့ ခွဲစိတ်မှုလုပ်ဖို့‌မဖြစ်နိုင်ဘူး"

( T/N ကိုယ်ကဆေးဘက်ဆိုင်ရာအသုံးနှုန်းတွေကိုသေချာမသိလို့မှားနေရင်နားလည်ပေးကြပါနော် 。•́︿•̀。 )

လီချန်းရဲ့ပုံစံကအရမ်းကိုတည်ငြိမ်လွန်းနေတယ် မသိရင်သူအခုဖြစ်နေတာသေလောက်တဲ့ရောဂါမဟုတ်ဘဲ ပုံမှန်အဖျားလောက်ဘဲရှိတဲ့ပုံနဲ့

သူလည်းဆရာဝန်တစ်ယောက်ဘဲလေ သူအရင်ကတည်းကဒီလိုဖြစ်မယ်လို့ခန့်မှန်းခဲ့ပြီးသား

"ကောင်းပြီ ကျွန်တော်နားလည်ပါတယ် ကျွန်တော့်အတွက်အကိုက်ခဲပျောက်ဆေးအချို့ညွှန်းပေးပါ ကျေးဇူးတင်ပါတယ်"

လီချန်းအိမ်ပြန်ရောက်တာနဲ့ ဆေးရုံကနုတ်ထွက်ဖို့ပြင်တော့တယ် အခုသူ့အခြေနေနဲ့ လူနာတွေကိုခွဲစိတ်မှုလုပ်ပေးဖို့ကအဆင်မပြေဘူး သူကိုယ်တိုင်လည်းလူနာတစ်ယောက်ဖြစ်နေပြီမဟုတ်လား အခု‌အခြေနေနဲ့သာသူဆက်လုပ်နေရင်လူနာတွေရဲ့အသက်ကိုအာမမခံနိုင်ဘူး

နောက်အပတ်ဆိုလီရွေ့လက်ထပ်ပွဲ သူလီရွေ့ကိုတခြားအမျိုးသမီးတစ်ယောက်နဲ့ပွေ့ဖက်ပြီး နမ်းနေမှာကိုကြည့်ဖို့ခွန်အားမရှိဘူး အဲ့ဒါကြောင့်သူ ဂျပန်ကိုသွားဖို့အတွက်လေယာဉ်လက်္မှတ်ဝယ်လိုက်တယ် သူအိမ်အသစ်ငှားပြီးသူ့ပစ္စည်းတွေပါအကုန်ထုပ်ပိုးသိမ်းဆည်းပြီးတာနဲ့ လီရွေ့ဆီဖုန်းခေါ်လိုက်တယ်

ငါ့ထက္မင်းကိုပျော်ရွှင်စေချင်တယ် ( Myanmar Translation ) ( Completed )Where stories live. Discover now