~ Unicode ~
အေးစက်နေတဲ့ခွဲစိတ်ခန်းထဲကထွက်လာတာနဲ့ လီချန်းခြေကုန်လက်ပန်းကျပြီးလဲကျချင်နေပြီ ၇နာရီလောက်ကြာတဲ့ခွဲစိတ်မှုအပြီးမှာတော့ အကုန်နားချင်နေကျပြီ
လီချန်းနားနေခန်းထဲကိုပြန်ရောက်တာနဲ့ ရုတ်တရက်ခေါင်းကထိုးကိုက်လာတာ ခေါင်းကိုရိုက်ခွဲနေသလိုဘဲ ဒီရက်ထဲသူခေါင်းကိုက်တဲ့အကြိမ်အရေတွက်ကပိုစိပ်လာပြီး ပိုပြင်းထန်လာသလိုဘဲ သူအသက်ကြီးလာလို့များလား
အမြဲတမ်းရွှင်လန်းတက်ကြွနေတတ်တဲ့လူတစ်ယောက်ကိုစဉ်းစားမိတာနဲ့ လီချန်းကိုယ်တိုင်တောင်မသိလိုက်ဘဲပြုံးနေမိတယ် သူရောလီရွေ့ရောဒီနှစ်ဆိုအသက် ၂၈နှစ်ပြည့်တာချင်းအတူတူတောင် ဘာလို့သူတို့နှစ်ယောက်ကြားအဲ့လောက်ကွာခြားနေရတာလဲ
(Note : လီချန်းရောလီရွေ့ရော မျိုးရိုးနာမည် 'လီ' ကတူပေမယ့် နှစ်ယောက်လုံးကဘာမှမတော်စပ်ပါဘူးနော်)
သူ့ရုံးခန်းထဲကိုပြန်ရောက်တဲ့အထိ သူ့ခေါင်းကိုက်တာကပိုဆိုးလာတယ် ဘေးပတ်ပတ်လည်ကသူနာပြုလေးတွေအလုပ်လုပ်နေတာကိုမြင်ရတာက လူတွေရှုပ်ရှက်ခတ်နေတဲ့နေရာကိုရောက်နေသလိုခံစားနေရတယ်
ရုံးခန်းထဲကဆရာဝန်တွေအကုန် ကိုယ့်အလုပ်ကိုလုပ်နေကြတဲ့အချိန်မှာ ဘာမှမလုပ်ဘဲခုံမှာခြေချိတ်ထိုင်နေတဲ့သူကတစ်ယောက်ဘဲရှိတယ် လီရွေ့
"ရှောင်ချန်းချန်း မင်းနောက်ဆုံးတော့ပြန်ရောက်လာပြီ ငါမင်းကိုစောင့်နေတာအကြာကြီးဘဲ ဘာလို့ခွဲစိတ်မှုကအဲ့လောက်တောင်ကြာနေတာလဲ ဗိုက်ဆာနေပြီလား ငါမင်းအကြိုက်ဆုံးကြက်ကုန်းဘောင်ကြော်ဝယ်လာတယ် ဒီမှာလာစား"
သူ့ရှေ့ကခွေးပေါက်ကြီးလိုလီရွေ့ကိုကြည့်ပြီး လီချန်းခေါင်းကိုက်နေတာတောင်သက်သာလာတယ်
သူတို့သိလာတာအချိန်ကြာကြီးရှိနေတာတောင် လီရွေ့နေ့တိုင်းပြုံးပျော်နေနိုင်တာဘာကြောင့်လဲဆိုတာသူမသိဘူးအခန်းထဲအစားသောက်နံ့ရတာနဲ့ ဘေးကအခန်းဖော်တွေကလီချန်းကိုစပြီးစနောက်လာတယ်
![](https://img.wattpad.com/cover/288401301-288-k284896.jpg)
YOU ARE READING
ငါ့ထက္မင်းကိုပျော်ရွှင်စေချင်တယ် ( Myanmar Translation ) ( Completed )
Cerita PendekTitle - 比我幸福 Author - 慕容侠 Total Chapters - 5 Chapters (completed) ~လီချန်း ~ လီရွေ့ ငါမင်းကိုအပြစ်မတင်သင့်ဘူး မင်းမှဘာမှသိတာအကုန်ငါ့အမှားပါ မင်းအတွက်္မိန်းကလေးတွေကိုကြိုက်တယ် တွဲတယ်ဆိုတာပုံမှန်ပါဘဲ ငါကသာမင်းအပေါ် ဒီလိုခံစားချက်တွေရှိနေတာမှားတာပါ ငါ...