မိုးမြေသောက၌
အကြင်သူရှိရာ,အရပ်သို့
ပန်းတို့ ပွင့်၏။တောနက်ကြီးထဲ၏ တောင်ပေါ်၌ အံ့ဖွယ် ဘုရားကျောင်းကြီး။ ဘုရားကျောင်း၏ ထောက်တိုင်ကျောက်လုံးကြီးများ၌ သက္ကတဘာသာစကားဖြင့် ရေးထိုးထားသော စာသားများ။ ထို ကျောက်တိုင်းများ၏ အဆုံးဝယ် အသက်၁၈ခန့် ကောင်လေးတစ်ယောက်သည် တောင်ပံနှစ်စုံနှင့် နတ်သား တစ်ပါးရှေ့၌ ထိုင်၍ ကျမ်းစာများ ရွတ်ဖတ်နေလေသည်။ ထိုနတ်သား၏ ညာဘက်၌ သားငယ်ရှိ၍ ဘယ်ဘက်၌ သမီးငယ် ရှိလေသည်။
ထိုကောင်လေး ဝတ်ထားသော အဝတ်များမှာ ရဟန်းမင်း ဝတ်ရုံရှည်ကြီးကို ခြုံလျက် ရွတ်ဖတ်နေခြင်း ဖြစ်လေသည်။ ထိုနတ်သား၏ မျက်လုံးနှစ်ခုမှာ ထိန်လင်းလျက် အေးမြမှုနှင့် အလင်းရောင်ကို ပေးသနားသည်။ မျက်ဆံမှာ သွေးကဲ့သို့ တောက်ပနေ၏။ထိုသည်မှာ သေချာ စွာနဲ့ မျက်လုံးမှာ ညလင်းပုလဲ ဖြစ်၌
မျက်စံမှာ ပတ္တမြားဖြစ်သည်။ထိုကဲ့သို့ တောနက်အမှောင်ထဲ ပင်လျှင် အလင်းလုံလောက်စွာ ပေးနိုင်သော ဤညလင်းပုလဲ၏ တန်ဖိုးမှာ လွန်စွာမြင့်မားတော့သည်။ သို့သော် ထိုကောင်လေးမှာတော့ လောဘတို့မရှိဟန်။ ဝတ်ပြုပြီးသောအခါ ထိုနတ်သားကို ဖက်လျက် ရင်ငွေ့လှုံနေသည်။ ထိုအချိန်မှာ အေးစက်စက် လေစိမ်းတို့နှင့် အတူ ငိုကြွေးသံများက သနားဖွယ်။ ထိုကောင်လေး၏ ပါးပေါ်မှ တဆင့် နတ်သား၏ ရုပ်တုသို့ မိုးအလား မျက်ရည်များ စီးဆင်းလာတော့သည်။ကောင်လေး ပြောလိုက်သည်ကား
“ ခမည်းတော်ကို အဆုံးထိ ချစ်နေမယ် ” ဟူ၍ပင်။ထိုခဏ၌ ဘုရားကျောင်း ရေှ့သို့ ထိုကောင်လေးနှင့် အသက်သိပ်မကွာသော ကောင်လေးတစ်ယောက် ရောက်လာခဲ့သည်။
“ ဟေ့ ဂျိုရှုဝါ မင်းရှိလား ”ထိုအသံကြားသော အခါ၌ ရုပ်တုကို ဖက်တွယ်ထားသော လက်များကို လွှတ်ကာ လွမ်းဆွတ်သော ခရမ်းရင့်ရောင်မျက်ဝန်းများဖြင့် ကြည့်ကာ ကျောခိုင်းခဲ့လေသည်။
ထို့နောက် ကောင်လေးက ပြောလိုက်သည်။
“ အေး ချန်ဂျယ်ယော ဝင်လာခဲ့လေ ” ဟုဆို သဖြင့် ဘုရားကျောင်း ရှေ့မှ ကောင်လေးသည် သူ၏ ဘုန်းတော်ကြီး ဝတ်ရုံကို မတင်ကာ ကျောင်းဆောင်ထဲ ဝင်လာခဲ့လေသည်။ အသက် ၂၁ဟု မထင်ရသော ချန်ဂျယ်ယောကို ကြည့်ကာ သူလဲ ပြုံးမိသည်။ဂျိုရှုဝါ ပြောလိုက်သည်။ “ အကို ခင်ဗျားက တစ်ကယ်ကို ဆွဲဆောင်မှု အားကောင်းလာတာဘဲ ” ဟုဆိုကာ ပြောလိုက်တော့ ခေါင်းကို ချစ်စနိုးခေါက်ပြီး
“ ကောင်စုတ်လေး မင်းငါ့ကို အကိုလို့ တကယ် သတ်မှတ်ရဲ့လား။ဘုရားကျောင်းကို တစ်ခါမှ အလည်မလာဘူး။ပြီးတော့ ငါချောလာတာ ငါသိပါတယ်။မင်းပြောသလို အသားတွေ သိပ်မစားဖြစ်တော့ အစာ နည်းနည်း ရှာရခက်ပေမဲ့ အဆင်ပြေပါတယ်။ပြောစမ်းပါဦး, မင်းလဲ တကယ်ချစ်ဖို့ ကောင်းလာတာဘဲ။ မုဒိန်းကျင့်ချင်စရာ ရုပ်ကလေးနဲ့ ”