သူ့ကို အမှူးပြု၍ ဖြစ်သော

58 2 0
                                    

ငှက်တေးဆိုချိန် ငါလွမ်းမိတယ်။
အချစ်ဆိုတဲ့ ဒေသနာဟာ
ဝေဒနာကို အရင်းတည်လို့
ဥပက္ခာပြုချင်လဲ လောဘဟာစွဲဆောင်ပြီး
ဒုက္ခတွေများလို့ သမုဒယနယ်,ကျွံရင်း
ဪ.. အဝိဇ္ဇာပိတ်သမျှ, ကာလတိုင်းလေ
ပဉ္စအာရုံ ကာမဂုဏ်မှာ တဏှာမက်စွဲ
သံသရာ ဝဲကရက် "၀"စက်ဝိုင်းလေးလို
အဆက်မပြတ်တဲ့ ‌လောကဓာတ်(ဓံ)ထဲမှာ
ငှက်မောင်နှံပမာ တွဲချင်မိရှာ ဓမ္မတာပင်။
ချစ်ဇွဲမပြတ်လို့ အဘက်ဘက်က
ဖြည့်ဆည်းပေးရာမှာ "ခွေပါလေကြိုး
လိုတရစေ ပေးငှဝေလဲ"
ချူစား၊ထွေးထုတ် လူယုတ်,သူ,ငါ
သတ္တဝါကား ငါလည်းအမှန် ပါလိမ့်မည်။
ငွေရချမ်းသာ တေးဖြာနှစ်ထပ် မေ့နေလျက်နဲ့
တနေ့ အနိစ္စဖြစ်တော့မှာ အဘယ်လို မေ့ပါလိမ့်
လောကထွေခင်း စစ်ပြင်းဗျူဟာ
ချမ်းသာဆင်းရဲ၊ပျော်နှင်ညူစူ နှစ်မူတစုံ
တွဲနေပုံများ ငါတို့မေ့ခဲ့ပြီ။
ရှင်ခြင်းမမြဲ သေခြင်းတွဲရာ
မရဏလမ်း မေ့ကာလှမ်း တနေ့တရက်နီးခဲ့ပါ့
ဘဝနေဝင် အချိန်လေးထိ ငွေမှ,ငွေပါ
ငွေသာ,အရာရာ ပညာမရှာ
ငွေသာရှာ မှန်စွာ သူဌေးများ
ငါကားတော့လေ တောမြိုင်စုံထဲ
သေအတူ၊ရှင်မခွာ အသက်ပေးရစ်တဲ့
ဟင်္သာချစ်ခြင်းလေးနဲ့ မောင်နှံ,မဟုတ်သော
နောင်တော်နဲ့ , ညီတော်နေလိုပါတယ်။
လင်မယားမဟုတ်တဲ့ လင်ယောက်ျားအချစ်နဲ့
ဘဝဆက်စရာ စေခဲ့ပါလို့ မပယ်ပြစ်ဘဲ
ချစ်သက်ဝင်ရပါသော နောင်တော်...

(မင်းညီမင်းသားဘဝ)

✡✡✡⚫❦⚪✡✡✡

ငွက္ေတးဆိုခ်ိန္ ငါလြမ္းမိတယ္။
အခ်စ္ဆိုတဲ့ ေဒသနာဟာ
ေဝဒနာကို အရင္းတည္လို႔
ဥပကၡာျပဳခ်င္လဲ ေလာဘဟာစြဲေဆာင္ၿပီး
ဒုကၡေတြမ်ားလို႔ သမုဒယနယ္,ကြၽံရင္း
ဪ.. အဝိဇၨာပိတ္သမွ်, ကာလတိုင္းေလ
ပၪၥအာ႐ုံ ကာမဂုဏ္မွာ တဏွာမက္စြဲ
သံသရာ ဝဲကရက္ "၀"စက္ဝိုင္းေလးလို
အဆက္မျပတ္တဲ့ ‌ေလာကဓာတ္(ဓံ)ထဲမွာ
ငွက္ေမာင္ႏွံပမာ တြဲခ်င္မိရွာ ဓမၼတာပင္။
ခ်စ္ဇြဲမျပတ္လို႔ အဘက္ဘက္က
ျဖည့္ဆည္းေပးရာမွာ "ေခြပါေလႀကိဳး
လိုတရေစ ေပးငွေဝလဲ"
ခ်ဴစား၊ေထြးထုတ္ လူယုတ္,သူ,ငါ
သတၱဝါကား ငါလည္းအမွန္ ပါလိမ့္မည္။
ေငြရခ်မ္းသာ ေတးျဖာႏွစ္ထပ္ ေမ့ေနလ်က္နဲ႕
တေန႕ အနိစၥျဖစ္ေတာ့မွာ အဘယ္လို ေမ့ပါလိမ့္
ေလာကေထြခင္း စစ္ျပင္းဗ်ဴဟာ
ခ်မ္းသာဆင္းရဲ၊ေပ်ာ္ႏွင္ၫူစူ ႏွစ္မူတစုံ
တြဲေနပုံမ်ား ငါတို႔ေမ့ခဲ့ၿပီ။
ရွင္ျခင္းမၿမဲ ေသျခင္းတြဲရာ
မရဏလမ္း ေမ့ကာလွမ္း တေန႕တရက္နီးခဲ့ပါ့
ဘဝေနဝင္ အခ်ိန္ေလးထိ ေငြမွ,ေငြပါ
ေငြသာ,အရာရာ ပညာမရွာ
ေငြသာရွာ မွန္စြာ သူေဌးမ်ား
ငါကားေတာ့ေလ ေတာၿမိဳင္စုံထဲ
ေသအတူ၊ရွင္မခြာ အသက္ေပးရစ္တဲ့
ဟသၤာခ်စ္ျခင္းေလးနဲ႕ ေမာင္ႏွံ,မဟုတ္ေသာ
ေနာင္ေတာ္နဲ႕ , ညီေတာ္ေနလိုပါတယ္။
လင္မယားမဟုတ္တဲ့ လင္ေယာက္်ားအခ်စ္နဲ႕
ဘဝဆက္စရာ ေစခဲ့ပါလို႔ မပယ္ျပစ္ဘဲ
ခ်စ္သက္ဝင္ရပါေသာ ေနာင္ေတာ္...

(မင္းညီမင္းသားဘဝ)

သူWhere stories live. Discover now