သူမရှိစ, ကျွန်ုပ်ဘဝမှတ်တမ်း
လောကကြီးမှာ ငါလေ
သိက္ခာတရားတွေကို ထိန်းသိမ်းရင်းနဲ့
အမှန်တရားကို လက်သုံးရတာ မောလှပြီ။
လူတွေကို ချစ်ရတာလဲ မောလှပြီ။
ကိုယ့်အပေါ် ကောင်းသူတွေကို
ပြန်ကောင်းပေးရင်း
ကိုယ့်အပေါ် မကောင်းသူတွေကို
မျက်ကွယ်ပြုရင်း
ကိုယ့်အပေါ် ဆန္ဒပြုသူကို
ကျေးဇူးတွေ ပေးရင်း
သိက္ခါတရားတွေ, ဂုဏ်ပုဒ်တွေ
ဩဇာ, အာဏာတွေကို
ထိန်းသိမ်းရတာ
ငါလေး မောလှပါပြီ။
ချစ်ရသူတို့ သေဆုံးတော့
ငိုကြွေးရင်း၊
မုန်းရသူတို့ ပျောက်ကွယ်တော့
ပျော်ရွှင်ရင်း၊
လောကဓံကို ကြံ့ကြံ့ခံရတာ
ငါပင်ပန်းလှတယ်။
လောကရဲ့
အလှောင်ရီခံ, အကဲ့ရဲ့ခံ
စိတ္တဇတစ်ဦးလို၊
လူသတ်သမား တစ်ဦးလို၊
လွတ်လပ်စွာ ကိုယ်လုပ်ချင်တာ
လုပ်ပါရစေလားကွယ်။
ကိုယ်သာအမှန်ထင် လောကမှာ
အင်အားကြီးသူတွေ နိုင်နေကြတာ
ငါတို့အသိဘဲ မဟုတ်လား။
အမျိုးမျိုးသော
အရေးအကြောင်းတွေ, ဖြစ်တည်ခြင်းတွေက
ပျက်စီးခြင်းကို ဖြစ်ပေါ်တဲ့အခါ၊
စိတ္တဇ ဝေဒနာဟာ, စွဲကပ်ပါလာရတယ်။
တယောက်နဲ့ တယောက်သိတယ်။
ပြီးတော့
ရင်းနှီးလာတယ်။
ချစ်ခင်ပြီးတော့
သံယောစဉ်တွေက,
ဝေဒနာတွေကို အရင်းတည်ရင်း
ပျက်စီးမှုကြောင့်
ငါတို့တွေ ပျောက်ကွယ်၊
လောကကြီးက ပျောက်ကွယ်သွားသလို၊
အမျိုးမျိုးဘဲ။
အရောင်စုံတဲ့ ကမ္ဘာကြီးက
ချုပ်ငြိမ်းနေပြီး၊
အဖြူနှင့် အမဲတွေက
ဝဲလည်နေတယ်။
လောကကြီးထဲမှာ
အရုပ်တွေ ရွှေ့လျားနေသလို,
ဟိုးကောင်းကင်ကနေ
ကြိုးတွေက ကျရောက်နေတယ်။
ဘဝဇာတ်ဆရာက အားလုံးကို
ဇာတ်ထဲမှာ ထည့်ထားပြီး
ငါ့ကို က,ခိုင်းနေတယ်။
ငါတယောက်ထဲ ကြိုးတွေမပါဘဲ
အရာအားလုံးကို ကနေရတယ်။
ငိုကြွေးလဲ သူတို့မသိကြဘူး။
ပျော်ရွှင်လဲ သူတို့မသိကြဘူး။
ငါက လေလိုဘဲ, သူတို့မတွေ့။
ငါတယောက်ထဲ ဘယ်သူမှ မရှိဘူး။
ငါသွားနေတယ်
အရှေ့ကို...။
ငါပြေးနေတယ်
တောင်ဘက်ကို...။
ငါဆုတ်နေတယ်
အနောက်ကို...။
ငါရပ်တန့်နေတယ်
တောင်ဘက်မှာ...။
တဖြည်းဖြည်း သွားရင်းနဲ့
အဝါတွေ၊အနီတွေ, ခရမ်းနဲ့အဖြူတွေ
စပ်ယှက်နေတဲ့
မီးလျှံကြီးက ပြည့်ဖြိုးပြီး
ငါ့ကို လှမ်းခေါ်နေတယ်။
လာခဲ့ပါ
လာခဲ့ပါ
မင်း လာခဲ့ပါ
မင်းတယောက်ထဲ
ဘယ်သူမှ
မင်းကိုမတွေ့ဘူး။
ဘယ်သူမှ
မင်းကိုဂရုမစိုက်ဘူး။
ဒါကြောင့်
ငါ့ဆီသာ
လာခဲ့ပါ. . .