Part 6

1.2K 170 29
                                    

Zawgyi

အလုံပိတ်ကားနက်လေးက လူငယ်ကောင်ဆိုးဆိုးလေးများ ၏ထိန်းချုပ်မှုနှင့်အတူ လမ်းမပေါ်ခပ်ကြမ်းကြမ်းမောင်းနှင်လျက်ရှိသည်။ကားရှေ့ခန်းကကောင်လေးနှစ်ဦးမှာလူငယ်သဘာဝတို့
အလျောက် စပ်မိစပ်ရာအကြောင်းများပြောရင်း လွတ်လပ်စွာရယ်နေကြသည်။ဂျီမင်သည်မှာတော့ ကားအပြင်ဘက်ကိုကြည့်၍ စိတ်ရှုပ်မှုကြောင့် ကုတ်ကျုံ့ထားသောမျက်မှောင်ဟာမပြေမလျော့သေးဘဲ သက်ပျင်းအထပ်ထပ်ချမိနေသည်။ကားပေါ်ငြိမ့်ငြိမ့်လေးထိုင်နေသော်လည်း လမ်းကလေးလျှောက်..busကားပေါ်တက်..တဦးတည်းစိတ်လွတ်ကိုယ်လွတ်ကျောင်းကိုလာချင်သည်။ထိုဆန္ဒအား လိုက်လံပိတ်ပင်နေသော ယုံးဘင်ကြောင့် ဂျီမင်စိတ်ပျက်မိသည်။သူ့အားနည်းချက်ဖြစ်သည့် ချစ်ကြောက်ရိုသေရသူ မိခင်နှင့်အကျပ်ကိုင်သည့်ယုံးဘင်နှင့် သူငယ်ချင်းမဖြစ်ချင်တော့ပါ။ယုံးဘင်နဲ့အံကိုက်သည့်တခြားသူငယ်ချင်းများထက် ညီအကိုအရင်းများကဲ့သို့ သူလိုအပ်သည်ကိုလုပ်ပေးတာနှင့်တင် သူငယ်ချင်းကောင်းဟုမဆိုနိုင်သေးပါ။သူငယ်ချင်းကောင်းဆိုလျှင် သူ့ကိုနားလည်ပေးရမည်။မိခင်အား အပိုစကားများထည့်၍ သူ့ကိုချောက်ချတာကိုမကြိုက်ပေ။အမှားမကျူးလွန်ထားပဲ သူတို့သတ်မှတ်ထားသည့် အဆင့်ဂုဏ်ပကာသနတွေ၏စံချိန်စံညွှန်းများထဲ သူ့ကိုပါ,ပါဝင်လိုစေတာက အတ္တဆန်သည်ဟုထင်သည်။

"ဂျီမင်……"

ယုံးဘင်သည် စိတ်ရှုပ်စေသောအဓိကလူဖြစ်သော်လည်း မိဘတွေကမိတ်ဆွေအရင်းအချာများဖြစ်၍ သူငယ်ချင်းမလုပ်ချင်တော့ဘူးဟု တိုက်ရိုက်ပြောရန်အားနာမိသည်။

"အင်း……"

ပြောရန်တခုခုရှိနေကြောင်း အနားကပ်ခေါ်တာမို့ နားထောင်နေပါတယ်ဟု သဘောပါသောအသံပြန်ပြုလိုက်သည်။

"မင်း မီယောင်းပြန်လာမယ်ကြားတော့ ဘယ်လိုခံစားရလဲ"

အရေးကြီးသည့်စကားထင်သော်လည်း အသိပေးပြီးသားမီယောင်းအကြောင်းသာထပ်ပြောလာ၍ ကပေါက်တိကပေါက်ချာဖြေလိုက်သည်။

Devil✳VMIN✳{completed}Where stories live. Discover now