Unicode
မျိုးစုံသောင်းကျန်းနေကြသောclubအတွင်းရှိအခန်းငယ်လေးတခု။အပြင်မှာလည်းမီးရောင်စုံတွေနဲ့ကခုန်နေသလို သီးသန့်ပျော်ချင်သူတွေဟာ
လည်း အခန်းတခုယူကာတက္ကသိုလ်ကျောင်းသားလေးတွေဖြစ်ပေမဲ့စိတ်တိုင်းကျကဲနေကြသည်။သူတို့သူငယ်ချင်းအုပ်စုထဲကသုံးယောက်က clubကအပျော်မယ်ကောင်မလေးတွေကိုခေါ်ကာ သီချင်းတွေအော်ဆိုလျက် စည်းဆိုတာမရှိ..ကောင်မလေးတွေရဲ့ခန္ဓာကိုယ်ကိုမထိတွေ့ရဲတဲ့နေရာဆိုတာလည်းမရှိ။ကောင်မလေးတွေကိုယ်စီနဲ့မူးယစ်ပျော်ပါးနေကြသည်။ဘယ်လောက်လှပြီးဘယ်လောက်မိုက်တဲ့ကောင်မလေးမျိူးဖြစ်ပါစေအကြိုက်မတွေ့တဲ့ယုံးဘင်နဲ့
စကားပြောဖော်ဖြစ်ပေးနေတဲ့
ဂွမ်မီကတော့အသောက်တခုနဲ့ပဲအဖော်ပြုနေသည်။clubသာလိုက်လာပေမဲ့ အကြောင်းပြချက်မရှိ
ညစ်နေတဲ့စိတ်တွေကပျောက်မသွားပဲ.ပုလင်းလိုက်သာမော့ချနေမိသည်။ဘယ်လိုမှပြန်ပြင်လို့မရတော့တဲ့အခြေအနေ။သူ့ဘက်ကဘယ်လိုကြိုးစားကြိုးစား.ပတ်ဂျီမင်ကကင်ထယ်ယောင်းမျက်နှာသာတကမ္ဘာထင်နေတာကပိုခံစားရတယ်။အရက်သောက်ရင်စိတ်ညစ်တာပျောက်တယ်ဆိုတာကိုယုံကြည်ထားတဲ့ယုံးဘင်ကသောက်နေရင်းပိုတောင်စိတ်ညစ်တဲ့ပုံပေါက်နေတာမို့ ဂွမ်မီအရက်ခွက်အားအသောက်မပျက်ပဲစကားစလိုက်သည်။"မင်းကြည့်ရတာတကယ်ပင်ပန်းတယ်ယုံးဘင်...ဟက်..ယောကျ်ားတယောက်အတွက်မင်းတို့ဘာလို့အသည်းအသန်ဖြစ်နေကြတာလဲ.."
"ငါကပတ်ဂျီမင်ကိုချစ်မိထဲကခံစားလာရတာ..ငါ့ညီမလေးကလည်း ငါချစ်တဲ့သူကိုချစ်တာသိတဲ့အချိန် ငါအလျှော့ပေးဖို့ဆုံးဖြတ်ပြီးသား...ငါ့ညီမလေးနဲ့ချစ်သွားရင်တောင်ငါဝမ်းသာမိဦးမှာ..ဒါပေမဲ့အခုမီယောင်းထက်ငါဘာလို့ပိုခံစားနေရလဲမသိဘူး"
"ရှင်းရှင်းလေးပဲလေ...မင်းကဂျီမင်ကိုချစ်နေလို့..နောက်တခုကဂျီမင်ကမင်းညီမလို ပြည့်စုံလွန်းနေတဲ့သူကိုမရွေးပဲ..ယောကျ်ားလေးကိုမှ တကောင်ကြွက်ကင်ထယ်ယောင်းကိုရွေးလိုက်တော့ မင်းခံပျင်းနေတာ"
"ငါ ကင်ထယ်ယောင်းကိုဂျီမင့်နားမှာမမြင်ချင်ဘူး..မီယောင်းနဲ့လက်ထပ်ဖို့က အခုချက်ချင်းဆိုလည်းအဆင်ပြေနိုင်ပေမဲ့ သတို့သားဘက်ကသဘောမတူဘူးဆို..ငါ့ညီမလေးတင်မကဘူး..ငါ့တို့အသိုင်းအဝိုင်းတခုလုံးအဖတ်ဆယ်လို့ရမှာမဟုတ်ဘူး....ဂျီမင်.မီယောင်းကိုအသာတကြည်လက်ခံလာအောင်ဘယ်လိုလုပ်ရမလဲ..ငါ့ညီမလေးကိုတချက်လေးတောင်ထည့်မစဥ်းစားပေးတဲ့ဂျီမင့်ကိုလည်းမမုန်းနိုင်ဘူး..ဟက်..ပတ်ဂျီမင်ရဲ့သက်ရောက်မှုကတော်တော်ပျင်းထန်တယ်"
YOU ARE READING
Devil✳VMIN✳{completed}
Acakရုန်းထွက်ဖို့ခက်တဲ့ပင့်ကူအိမ်ထဲစူးစမ်းချင်စိတ်နဲ့မင်းကိုယ်တိုင်ငြိတွယ်ခဲ့တာ မင်..။ အေးဆေးရှင်သန်ချင်တဲ့ကိုယ့်နှလုံးသားထဲ တန်းမတ်စွာငြိတွယ်ခဲ့တဲ့မင့်ကို ကိုယ်တသက်လုံးဖမ်းချုပ်ထားချင်တာ..။