Zawgyi
မျက်နှာနဲ့တတန်းတည်းအညီတည့်တည့်ထောင်ထားသောဖုန်းမျက်နှာပြင်ထက်မှ ညီမဖြစ်သူသည် မကြာခင် အမိနိုင်ငံကိုပြန်လာရတော့မည်ဖြစ်၍ အလွန်ရွှင်မြူးနေသည်။အမိမြေဆိုသည်ထက် လူသားတဦးနှင့်ပြန်လည်ဆုံတွေ့ရမှာကြောင့်ပျော်ရွှင်နေတာပိုဖြစ်နိုင်သည်။
"oppa…ညီမလေးပြန်လာရင် ကျောင်းတခါတည်းတက်လို့ရအောင်စီစဉ်ထားပေးနော်…ဒီကကျောင်းထွက်လက်မှတ်ယူပြီးတာနဲ့အားလုံးပြီးပြီ…"
"mihyung ah…နင်တကယ်ပြန်လာမှာလား…နောက်နှစ်နှစ်သုံးနှစ်လောက်ထပ်သည်းခံလိုက်ရင် ဘွဲ့ကောင်းကောင်းရနေပြီလေဟာ…appaနဲ့ommaကို အပူကပ်ပြီးကျောင်းထွက်ဖို့ပြောလိုက်တာငါသိပြီးသွားပြီ"
မိခင်ဗိုက်ထဲတွင် ညီမလေးတယောက်ရှိနေပြီလို့သိချိန် ကိုယ့်ထက်အငယ်ဆုံးလေးလူ့လောကထဲ ရောက်လာတော့မှာပါလားဆိုသည့်စိတ်နဲ့ အကိုကြီးဖြစ်ချင်နေခဲ့တာ။စိတ်ဆိုးအောင်စလျှင် နှပ်ချီးတွဲလောင်းလေးနှင့် မိဘတွေဆီတိုင်ပြောတတ်တဲ့ညီမလေးက သူ့အတွက်ချစ်စရာအကောင်းဆုံး။သို့သော် ညီမဖြစ်သူပျော်နေတာကို မဖျက်ဆီးချင်လို့ ပညာရေးတွင်ဝင်မပြောခဲ့ပေမဲ့ နိုင်ငံခြားမှာသာကျောင်းဆက်တက်စေချင်သည်။သူဟာ သူငယ်ချင်းဆိုးဖြစ်ချင်ဖြစ်နေပေလိမ့်မည်။
သို့ပေမဲ့အကိုပီသချင်တဲ့စိတ်တော့ရှိသေး၍ ညီမစိတ်ကြိုက်သာဆုံးဖြတ်စေခဲ့သည်။"oppaရုပ်ကြီးကဘာဖြစ်နေတာ…ညီမလေးတို့မိဘတွေကချမ်းသာနေတာပဲ…ဘယ်မှာပညာသင်သင်ဖြစ်ပါတယ်……"
"အင်းပါ နင့်သဘော…ငါကအထက်တန်းထဲက ထွက်သွားပြီးဘွဲ့ရတဲ့ထိမနေပဲပြန်လာလို့ အချိန်တွေကိုနှမျောနေတာ"
"အဲ့တုန်းကအိမ်ကလွှတ်လို့သွားရတာလေ…အာ…Oppa…jimin oppaကအရမ်းချောလာတယ်နော်…oppaနဲ့ကိုမတူဘူး ……"
"yar…ဒီကောင်မလေး ကျောင်းပြန်တိုင်းကုန်းပိုးခဲ့တဲ့ ငါ့ကိုဒီလိုပဲကျေးဇူးဆပ်လိုက်တယ်ပေါ့ဟုတ်လား"
"ဟား ဟားး…"
စိတ်ဆိုးဟန်ပြုကာပြောလိုက်တော့ ဖုန်းscreenယိုင်သည့်ထိ ရယ်နေလေသည်။
သူ့ညီမ မီယောင်းကလည်းအထက်တန်းကျောင်းသူဘဝ.. ဒီကထွက်သွားသည့်ပုံစံနှင့်မတူတော့ပဲ နိုင်ငံခြားသူလေးလိုလှလာပါသည်။လူအမြင်တင့်စေသည့် လိုက်ဖက်ညီတယ်ဆိုသောစကားသည် ကောင်လေးချောချောလေးနှင့်ချစ်စရာကောင်မလေးတို့သာ အပြောခံရတာမဟုတ်ပါလား။
YOU ARE READING
Devil✳VMIN✳{completed}
Randomရုန်းထွက်ဖို့ခက်တဲ့ပင့်ကူအိမ်ထဲစူးစမ်းချင်စိတ်နဲ့မင်းကိုယ်တိုင်ငြိတွယ်ခဲ့တာ မင်..။ အေးဆေးရှင်သန်ချင်တဲ့ကိုယ့်နှလုံးသားထဲ တန်းမတ်စွာငြိတွယ်ခဲ့တဲ့မင့်ကို ကိုယ်တသက်လုံးဖမ်းချုပ်ထားချင်တာ..။