Part 8

1K 164 14
                                    

Zawgyi
နေ့စဉ်ပြုဖွယ်ဆောင်တာအမှုများလုပ်ဆောင်ရာတွင် ယခင်နေ့များနှင့်မတူအောင် ပေါ့ပါးလန်းဆန်းနေသည်။အထူးသဖြင့် ကျောင်းကိုမြန်မြန်ရောက်ချင်စိတ်လောနေပြီး ရင်တွေခုန်နေသည်မှာအတိုင်းအဆခန့်မှန်းလို့မရပေ။မနက်စာ မစားချင်လောက်အောင် တလှပ်လှပ်တုန်လှုပ်နေသော်လည်း မိခင်ရှေ့ အမူအယာကိုထိန်းကာ သိုးသိုးသွက်သွက် စားပြခဲ့သည်။သူ့အသိနဲ့သူ ယုံးဘင်လာမခေါ်တော့တာ ကံကောင်းမှုကြီးတခုပင်။မဟုတ်လျှင် သူ့ကြောင့်ဆိုကာ သားထက်ပိုဦးစားပေးသည့်မိခင်၏အပြစ်တင်ကြိမ်းမောင်းခြင်းခံရနိုင်သည်။

တိတ်ဆိတ်သောလမ်းမလေးထက် ငယ်ငယ်တုန်းကလျှောက်သလိုခြေလေးတော့တော့၍ ခုန်ဆွနေမိသည်။သူဌေးရပ်ကွက်ဖြစ်တာကြောင့် လိုတာထက်ပိုပြီး ဖြောင့်ဖြူးရှင်းလင်းနေသည်။အတော်အသင့်နေရောင်ခြည်ကြောင့် လမ်းမတွင် ထင်ပေါ်သည့် မိမိအရိပ်ကို ကြည့်၍ ကြံဖန်ပျော်မိသည်။

လွတ်လပ်ခြင်းရဲ့အရသာကနေ့တိုင်း သွားလာနေကျလမ်းပင် လမ်းလျှောက်သွားရသောအခါ အမြင်ဆန်းစေသည်။အိမ်ကအထွက်နဲ့ busဂိတ်ကို ရောက်လာသည့်အကွာအဝေးသည် တော်တော်လေးအချိန်ပေးလျှောက်ရသည်။သို့ပေမဲ့ ညောင်းတယ်ဟုမခံစားရပေ။လူတဦး၏ တက်ကြွဖျက်လတ်ခြင်းအား စိတ်ကသာဦးဆောင်သွား၍ဖြစ်သည်။

နှစ်ယောက်စာထိုင်ခုံတွင် အတွင်း၌ ထိုင်ကာ မှန်ဘေးလက်ထောက်လျက် အပြုံးလေးတခုနှင့် ကြည့်နေမိသည်။ရှုခင်းများနှင့်ပြောင်မွတ်နေသောတိုက်အထပ်များက မကြည့်ချင်မမြင်ချင်တော့လောက်အောင်ရိုးအီနေပါသည်။သို့သော် busကားလေးဟာ  တရွေ့ရွေ့သွားရင်းကျောင်းနားနီးကပ်လာပါလားဆိုသည့်စိတ်ကြောင့် ပိုပြုံးမိနေခြင်းဖြစ်သည်။

ချစ်တယ်ဆိုကာ အကြမ်းဖက်သလို ဖွင့်ပြောခဲ့တဲ့သူဟာ ကျွန်တော့်သဘောထားဘယ်လိုရှိကြောင်း အဖြေတောင်းသည့်အနေနဲ့ တနေရာရာမှာစောင့်နေလေမလား။ထိုလူသားကို ပတ်ဝန်းကျင်နဲ့လိုက်လျောညီထွေဖြစ်အောင် ပြုပြင်ပေးချင်သည့်စိတ်က အချစ်ကြောင့် ဖြစ်လာတယ်ဆိုတာ သေချာခဲ့သည်။

Devil✳VMIN✳{completed}Where stories live. Discover now