"Jeon Jungkook.......ဒါကမင်းငါ့ကိုချစ်တယ်ဆို
တာလား?"
"အလှလေး"
"မခေါ်နဲ့ မင်းငါ့ကိုနောက်ထပ်ထပ်ပြီးအလှလေးလို့ခေါ်
ဖို့မလိုတော့ဘူး ငါတို့ဇာတ်လမ်းကိုမစခင်တည်းကပြီးကြ
တာပေါ့"
အလှလေးကတကယ်ကိုလွဲပြန်ပြီကွာ။
ဒီလိုဒေါသထွက်နေပုံနဲ့ဆိုကျွန်တော်ဘာပြောပြောလည်း
နားဝင်မယ်မထင်။
သွေးအေးသွားအောင်လည်းကျွန်တော်မစောင့်နိုင်ပါ။
အလှလေးမြင်တာတွေကအမှားဆိုတာကိုပြောပြမှ
ကိုဖြစ်မည်။
ဒီအချိန်မှကွက်တိကြီးလာဖြစ်တဲ့ကံကြမ္မာကလည်း
စောက်ကျိုးနည်းဘဲ။
"ဘာလို့ပြီးရမှာလဲ....ချစ်တောင်မချစ်ရသေးတာ"
"သိပ်ချစ်ချင်နေရင်ဘေးကလူကိုသာချစ်လိုက်"
တစ်ဖက်ကလဲကျတော့မှာမို့ထိန်းကိုင်ပေးထားသော
မိန်းကလေးခါးကိုလွှတ်ပေးလိုက်ပြီးလှည့်ထွက်ဖို့ပြင်နေတဲ့
အလှလေးကိုအမိအရလိုက်ဆွဲလိုက်သည်။
"ဖယ်စမ်း ငါ့ကိုလွှတ်"
"အလှလေး ဘာလို့လဲ ကိုယ်ပြောပြတာလေးတော့
နားထောင်ပေးလေ"
"ငါကဘာလို့လဲ? နားမထောင်နိုင်ဘူး နားမထောင်ချင်ဘူး...
လမ်းလည်ခေါင်တောင်မိုးမမြင်လေမမြင်နဲ့....ငါ့ကိုလည်း
မမြင်ဘူးမလား? ဘာလဲငါ့ဆီကအဖြေမရတော့တခြား
တစ်ယောက်ကိုငါ့တုန်းကလိုဘဲဇာတ်လမ်းဆင်ပစ်လိုက်
တာလား?"
အလှလေးကတအားကိုစိတ်တွေတိုနေတာမို့ကျွန်တော်
ဘာပြောနေနေမရ။
"ခဏလေးပါ အလှလေးရယ်....ပြောပြတာလေးကိုခဏဘဲ
နားထောင်ပေးပါ"
"boss"
လဲကျနေသောသူ့ကောင်မလေးကိုတွဲထူပေးနေရင်း
ကျွန်တော့်ကိုခေါ်နေသောJae Wooကိုသူကပါ
လှမ်းကြည့်နေသည်။
မျိုးမကောင်းကအခုမှရောက်လာတာ....ဒီမှာငါ့အလှလေး
ကစိတ်တိုနေပြီ။
ဒီကောင်သာသူ့ကောင်မလေးပိုက်ဆံအိတ်ကိုကားပေါ်မေ့ပြီး
ပါမသွားရင်အခုစောက်ပြဿနာကဖြစ်လာစရာ
အကြောင်းမရှိ။
YOU ARE READING
Oh my pretty 💜(completed)(Zawgyi and Unicode)
Romanceအလှလေးကအခွန်မဆောင်ရတိုင်းကိုလှချင်တိုင်းလှနေတော့တာ။မောင်ကလည်းအလှလေးနဲ့ကျမှဘဲသွေးတွေ ပြောင်းပြန်စီးကုန်တာ။နှလုံးခုန်တာတောင်'အလွေလး...... အလွေလး'နဲ့။မောင်တော်တော်ကိုဖြစ်နေတာ။ (Jeon Jungkook) အလွေလးကဘာလဲ?ငါ့မှာနာမည်ရှိတယ်။ပြီးတော့ငါကမင်းထက်အသက်ကြီးတယ်။...
