part 6

5K 352 111
                                    

"hyung.....ကျွန်တော်ကပေါ့ပျက်ပျက်ပုံပေါက်နေလို့
လားဗျာ"

ငါဘယ်တုန်းကအဲ့ဒီလိုပြောခဲ့ဖူးလို့လဲ?

တစ်ခါမှလည်းမပြောခဲ့ဖူးသလိုတွေးတောင်မတွေးခဲ့ဖူး
ပေါင်ကွာ။

ငါ့ပါးချိုင့်လေးကသိပ်လေးနက်တာငါသိတာပေါ့။

"တစ်ခုခုများအဆင်မပြေတာရှိလား ဆရာ?"

ဒီပါးချိုင့်လေးကိုသူ့အားစပြီးလိုက်ခဲ့တဲ့အချိန်ကစပြီး
မနေ့ကအထိအခုလိုပုံစံမျိုးကိုမမြင်ခဲ့ဖူးပါ။

စိတ်အဆင်မပြေတာတစ်ခုခုဖြစ်နေပုံပေါ်သည်။

အမြဲတပြုံးပြုံးနေတတ်သောKim SeokJinရဲ့
လူသားလေး။

ဒီနေ့ဒီလိုမျက်နှာဒီလိုအသံအနေအထားနဲ့ဒီလိုမေးပုံကြောင့်
ဒီလိုဒီလိုတွေဆက်စပ်ကြည့်တော့သူစိတ်အဆင်မပြေတာ
သေချာပါသည်။

ခါတိုင်းလိုဘဲduty offလို့ဆေးရုံအပြင်ဘက်ကို
ထွက်လိုက်တာနဲ့သူ့ရဲ့လူသားလေးကစက်ဘီးကလေးနဲ့
အဆင်သင့်စောင့်ကြိုလျက်။

အပြေးသွားမိပြီးတော့မှကိုယ်ရှိန်အမြန်ပြန်သတ်ရသေးသည်။

ဒီလူသားကြောင့်ဒီဆရာဝန်လည်းမထိန်းနိုင်မသိမ်းနိုင်ပါဘဲ။

အနားရောက်တော့တိုးဖျော့ဖျော့အသံနဲ့မေးလာသောလူသား၏စိတ်အဆင်မပြေမှု့တွေကသူ့ကိုပါလာရိုက်ခတ်သည်။

"အာ တောင်းပန်ပါတယ်hyung......မလိုအပ်ဘဲအပူ
တွေပေးမိပြီ"

အပူလို့မတွေးရပါဘူး.......။

Kim SeokJinတို့ကဆရာ့အကြောင်းတွေးမိတာနဲ့တင်
ဖျတ်ဖျတ်လူးပျော်နေရတာပါ။

ဆရာ့အပူတင်မကဘဲအပူရဲ့အဖေကြီးဖြစ်နေပါစေ.......
ဝေမျှခံစားပြီးအားပေးနှစ်သိမ့်ပေးချင်တာပါ။

"မဟုတ်တာတွေ......အပူပေးတယ်လို့လည်းမမြင်ပါဘူး ငါ့ကိုမပြောပြချင်လည်းရပါတယ်"

ဟောဒီလူသားရဲ့အကောင်းအဆိုးမှန်သမျှကိုအတူတူခံစား
ပေးပြီးအတူတူရင်ဆိုင်ပေးချင်တာပါ။

အဆိုးတွေဘဲဖြစ်ဖြစ်အကောင်းတွေဘဲဖြစ်ဖြစ်ပွင့်ပွင့်
လင်းလင်းပြောပြပေးစေချင်ရုံ။

Oh my pretty 💜(completed)(Zawgyi and Unicode)Onde histórias criam vida. Descubra agora