"ဘာဖြစ်လာတာလဲ အဲ့တာက?"
နာနေသေးသောဘယ်ဖက်ခြေထောက်ကြောင့်အနည်း
ငယ်ထော့နဲ့နဲ့ဖြစ်နေသောကျွန်တော့်ကိုကြည့်ပြီးရုံးခန်းထဲ
ဝင်ဝင်ချင်းSuga Hyungကမေးလာသည်။
ကျွန်တော်ပြန်မဖြေသေးတော့ဘေးကJae Woo
ကိုကြည့်သည်။
"မနေ့က....ဟို..... အဲ့တာကလေ....."
"ဘာဖြစ်နေတာလဲ Lee Jae Woo"
Lee Jae Wooရဲ့ထစ်ငေါ့ထစ်ငေါ့ရှေ့မရောက်သော
စကားတွင်စိတ်မရှည်တော့သောSuga Hyungက
ထအော်တော့သည်။
ထစ်နေလိုက်တာများ.........Suga Hyung
မပြောနဲ့ငါတောင်စိတ်မရှည်နေဘူးJae Woo။
"မနေ့ကbossရဲ့ခြေသလုံးကိုဖြတ်ကန်ခံလိုက်ရလို့ပါ boss hyung"
Bossရဲ့အစ်ကိုမို့boss hyungလို့ခေါ်ခြင်းမဟုတ်....
Jae Wooထက်ကြီးတဲ့သူဋ္ဌေးလေးမို့boss hyungတဲ့။
Lee Jae Wooကလည်းကြောင်တောင်တောင်ရယ်။
"ဘယ်ကောင်ဆီကနေခံလာရတာလဲ?"
Suga၏ခပ်ပြတ်ပြတ်အသံကအေးတိအေးစက်ထွက်ပေါ်လာပြန်သည်။
ကြည့်တော့သာရေခဲတုံး.......သူ့ညီကိုတော့ချစ်ပါ့။
"ရှိတယ်"
"မင်းကခံလာပြီးဘာမှပြန်မလုပ်ရမယ့်သူရှိတယ်လား?"
ကျွန်တော့်အပြောတွင်Suga hyungဆီကနေ
တစ်ဆက်တည်းထွက်လာသောအမေး။
ကျွန်တော်ခေါင်းညိတ်ပြတော့Jae Wooကိုထပ်ကြည့်
ပြန်သည်။
ဒီကောင်ပြောတာငါယုံရမှာလားဆိုတဲ့အကြည့်နဲ့။
Lee Jae Wooကပါခေါင်းညိတ်ပြသည်။
"ဘယ်တော့မိတ်ဆက်ပေးမှာလဲ? lady or gentleman? ဒါမှမဟုတ်sugar baby?"
Suga hyungကကျွန်တော့်ကိုမကြည့်ဘဲသူ့file
တွေနဲ့အလုပ်ရှုပ်ရင်းမေးသည်။
"မကြာခင်ပေါ့......သူကယောကျာ်းလေးဖြစ်လို့မိန်းကလေးဖြစ်လို့ဆိုတာထက် သူဖြစ်နေလို့ကို....sugar baby
တော့မဖြစ်လောက်ဘူး ဆတ်ဆတ်ထိမခံလေးဆိုပိုမှန်မှာ"
ကျွန်တော်ဖြေလိုက်သောအဖြေကြောင့်ကျွန်တော့်ကို
တစ်ချက်သေချာကြည့်ပြီး
BẠN ĐANG ĐỌC
Oh my pretty 💜(completed)(Zawgyi and Unicode)
Lãng mạnအလှလေးကအခွန်မဆောင်ရတိုင်းကိုလှချင်တိုင်းလှနေတော့တာ။မောင်ကလည်းအလှလေးနဲ့ကျမှဘဲသွေးတွေ ပြောင်းပြန်စီးကုန်တာ။နှလုံးခုန်တာတောင်'အလွေလး...... အလွေလး'နဲ့။မောင်တော်တော်ကိုဖြစ်နေတာ။ (Jeon Jungkook) အလွေလးကဘာလဲ?ငါ့မှာနာမည်ရှိတယ်။ပြီးတော့ငါကမင်းထက်အသက်ကြီးတယ်။...
