"အလှလေး ကိုယ်အောက်မှာရောက်နေပြီနော်"
ဒီနေ့ကနှစ်ချုပ်စာရင်းတွေထဲခေါင်းစိုက်ရမှာမို့မနက်စာ
တောင်ကိုယ့်အစီအစဉ်နဲ့ကိုစားခဲ့မယ်ဆိုတဲ့အကြောင်း
ရော၊ရောက်ရင်တိုက်ခန်းပေါ်မတက်တော့ဘဲအောက်ကဘဲ
စောင့်နေမယ့်အကြောင်းကိုရောမနေ့တည်းကအလှလေးကိုဖုန်းထဲမှာပြောပြထားခဲ့သည်။
ထို့ကြောင့်အခုရောက်တော့အလှလေးကိုဖုန်းဆက်လိုက်သည်။
📞"အင်း sorry Jungkook.....
ငါဒီနေ့မသွားတော့ဘူး"
"ဘာဖြစ်လို့လဲ? အသံကအစဖျော့တော့နေတာ နေမကောင်းဘူးလား?"
📞"အင်း မနေ့ကရေချိုးတာကြာသွားလို့ အအေးပတ်တာထင်တယ်.....စိုးရိမ်စရာမရှိ......."
သူ့စကားတောင်မဆုံးသေးဖုန်းကိုချသွားသည်။
သူလည်းဖုန်းကိုဘေးကစားပွဲပေါ်တင်ပြီးပြန်အိပ်မယ်အလုပ်
bellသံမြည်လာသည်။
Jeon Jungkook?
မဟုတ်လောက်ပါဘူးဟုတွေးပေမယ့်ဟုတ်နေခဲ့ပါသည်။
"အလှလေး မှန်း......တအားပူနေလား?"
တံခါးဖွင့်ဖွင့်ချင်းအိမ်ထဲကိုအတင်းဝင်ရင်းပြောကာ
TaeHyungနှဖူးလေးကိုစမ်းလေသည်။
"ပူနေတာဘဲကွာ.....ဆေးရုံသွားမယ်"
ပြောပြီးသူ့အခန်းထဲဝင်ကာအပေါ်ထပ်အနွေးထည်ကိုယူလာ
သောJungkook။
စိတ်မြန်လက်မြန်သူဋ္ဌေးလေးကတော်တော်လေးစိတ်ပူနေ
ပုံ။
"နေ နေပါဦးကွာ.....ဆေးရုံလောက်ထိမလိုပါဘူး ဒီနားကဆေးခန်းဆိုရင်ရပါတယ် ပြီးတော့ငါ့ဘာသာဘဲ
သွားမယ် မင်းအလုပ်တွေကဒီနေ့များတယ်မလား ငါ့ကိုစိတ်မပူဘဲအလုပ်ကိုသာ......."
"ရှူး အလှလေးကဒီပုံစံနဲ့ကိုကိုယ်ကဘယ်လိုလုပ်ပြီး
အလုပ်လုပ်ရတာဖြောင့်တော့မှာလဲ?"
"နေမကောင်းဖြစ်တာပါ....ဒီအတိုင်းအအေးပတ်ပြီးဖျားတာ
လေးပါကွာ"
"မရဘူး အလှလေးကပိုအရေးကြီးတယ် ခဏ....ကိုယ်ဖုန်းဆက်လိုက်မယ်"
ပြောကာဖုန်းနံပါတ်တွေကောက်နှိပ်နေလေတော့
TaeHyungလည်းဘေးနားကဆိုဖာမှာသာသွားထိုင်
နေလိုက်သည်။
ŞİMDİ OKUDUĞUN
Oh my pretty 💜(completed)(Zawgyi and Unicode)
Romantizmအလှလေးကအခွန်မဆောင်ရတိုင်းကိုလှချင်တိုင်းလှနေတော့တာ။မောင်ကလည်းအလှလေးနဲ့ကျမှဘဲသွေးတွေ ပြောင်းပြန်စီးကုန်တာ။နှလုံးခုန်တာတောင်'အလွေလး...... အလွေလး'နဲ့။မောင်တော်တော်ကိုဖြစ်နေတာ။ (Jeon Jungkook) အလွေလးကဘာလဲ?ငါ့မှာနာမည်ရှိတယ်။ပြီးတော့ငါကမင်းထက်အသက်ကြီးတယ်။...
