Ep3

957 53 4
                                    

10 years ago

Stella Kim Company ၏စီပွားရေးမှာလွန်စွာထိုးကျနေ၏။စီပွားရေးကျဆင်းမှုကိုအခွင့်ကောင်းယူကာအင်အားကြီး company တခုဖြစ်သည့် Spark Flames Company က Stella Kim Company ကိုမတရားသောနည်းလမ်းများစွာဖြင့်သိမ်းပိုက်ရယူလိုက်သည်။အင်အားကြီး Spark Flames Company ကိုလည်းမယှဉ်နိုင်သဖြင့် Stella Kim Company ကို Spark Flames Company CEO ထံသို့လွှဲပြောင်းပေးအပ်ခဲ့လိုက်ရသည်။ရှယ်ရာရာနှုန်းပြည့်ကိုမတရားသောနည်းဖြင့် Spark Flames မှရယူမှုကြောင့် Stella Kim CEO သည် Spark Flamesထံသို့ရှယ်ရာရာနှုန်းပြည့်ကိုလည်းလွှဲအပ်ခဲ့ရသည်။ထိုအခါ Stella Kim CEO Kim Do In မှာကျန်းမာရေးများစွာကျဆင်းပီးနှလုံးရောဂါအခြေအနေမှာနောက်ဆုံးအချိန်သို့ရောက်ရှိနေပီဖြစ်သည်။သူ့မှာ 16 အရွယ်သမီးနှင့် 14နှစ်အရွယ်သမီးနှစ်ယောက်ကျန်ရှိနေသေးသည်။ Kim Do In ၏ကျန်းမာရေးသည်နောက်ဆုံးအချိန်သို့ရောက်ရှိနေပီဖြစ်သည့်အတွက်သမီးနှစ်ယောက်ကိုနုတ်ဆက်စကားပြောရန်ဆေးရုံသို့အမြန်ခေါ်ကာသမီးတို့ကိုစောင့်ဆိုင်းနေ၏။ထိုအချိန်သူ၏ချစ်လှစွာသောသမီးနှစ်ယောက် Kim Jisoo နှင့် La Lisa Manoban တို့ခုတင်နားရောက်လာကာသမီးဖြစ်သူတို့ကသူတို့၏အဖေကိုပြေးဖက်လိုက်ကြသည်။

(ဒါနဲ့လေ Lisa ကို Kim Lisa လို့မထားပဲ La Lisa လို့ပဲထားလိုက်ပါတယ်နော်။မျိုးရိုးနာမည်မတူပေမယ့်လည်းဒီအတိုင်းလေးပဲဖတ်ပေးကြပါဗျ)

Jisoo:Appa Appa ရဲ့ကျန်းမာရေးကိုကုလို့မရဘူးလားဟင်?ဘာလို့လဲ?သမီးတို့မှာငွေမရှိတော့လို့လားဟင်?
Kim Do In:ငွေကြောင့်မဟုတ်ဘူးသမီး။အဖေရဲ့ကျန်းမာရေးကိုကနောက်ဆုံးကိုရောက်နှင့်နေတာသမီး။အဖေသမီးတို့ကိုနုတ်ဆက်ရတော့မယ်သမီး
Lisa:Appa ရယ်.......ဟီးအင့်ဟင့်.... ပီးတော့သမီးတို့ရဲ့စီးပွားရေးကိုဘယ်လိုလုပ်ကြမလဲဟင်?သမီးတို့မှာပိုက်ဆံလဲသိပ်မရှိတော့ဘူး
Do In:စီးပွားရေးကြောင့်သမီးဘာမှစိတ်မပူနဲ့။အဖေအားလံုးကိုကြိုတင်စီစဉ်ထားတယ်။ဒါမဲ့သမီးအဖေတို့မိသားစုကိုဒုခပေးခဲ့တဲ့လူအ ‌ေကြာင်းကိုတော့အဖေပြောပြချင်တယ်

Kim Do In သည်သမီးနှစ်ယောက်ကိုမှာစရာရှိသည်များကိုအားလုံးမှာခဲ့ကာနောက်ဆုံးနုတ်ဆက်စကားပြောခဲ့၏။သူ၏ပြောချက်အရ‌မိသားစုရှေ့နေအိမ်ကိုရောက်လာပီးအ ‌ေဖတို့ကြိုညှိနှိုးထားတာတွေကိုပြောပြမည်။လွှဲအပ်စရာတွေကိုလည်းလွှဲအပ်မည်။သို့ပေမယ့် တို့ဘ၀မှာငယ်ငယ်ထဲကအမေကမရှိတော့တာအဖေကလည်းယခုအချိန်မှာထားသွားခဲ့ပီ။အဖေမှာမှာစရာရှိတာမှာ၊ပြောစရာရှိတာပြော၊နုတ်ဆက်စရာရှိတာနုတ်ဆက်ပီး ထားသွားပီဖြစ်သည်။ Jisoo တို့ညီအမနှစ်ယောက်မျက်ရည်ပင်လယ်ဝေကျသည်အထိမျက်ရည်များကျဆင်းကာဖေဖေပြောပြသည့် ကိုလည်းအလွန်လက်စားချေချက်စိတ်များတဖွားဖွားပေါ်ပေါက်လာခဲ့၏။ဘယ်လိုမှမကျေနပ်နိုင်။သတ်လို့ရလျှင်ပြေးသတ်ပစ်ချင်သည်။သူတို့သည်၀မ်းနည်းစွာဆေးရုံလျှောပ်လမ်းတလျှောက်ပေါ်လိပ်လမ်းလျှောက်သကဲ့သိုလျှောက်ကာအိမ်သို့ပြန်လာခဲ့၏။အဖေ့အသုဘချပီးနောက်‌မိသားစုရှေ့နေနှင့်တကွလူတယောက်ကအိမ်သို့ရောက်လာခဲ့သည်

Hidden Backgrounds(ဖုံးကွယ်ထားသောနောက်ကွယ်များ)Where stories live. Discover now